မူးယစ်ဆေးဝါးကင်းဝေးရေး သျှမ်းလူငယ် ၂ ဦး ချင်းမိုင်မြို့ – သျှမ်းပြည် – ကျိုက်ထီးရိုးထိ စက်ဘီးစီးလှုပ်ရှားမှုပြု

မူးယစ်ဆေးဝါးကင်းဝေးရေး သျှမ်းလူငယ် ၂ ဦး ချင်းမိုင်မြို့ – သျှမ်းပြည် – ကျိုက်ထီးရိုးထိ စက်ဘီးစီးလှုပ်ရှားမှုပြု
Photo by Oon Khur Lao/ စိုင်းဆိုင်ဟန်နှင့် စိုင်းအွန်ခေး ညီအကို သျှမ်းပြည် – ကျိုက်ထီးရိုးထိ စက်ဘီးစီးလှုပ်ရှားမှုပြု
Photo by Oon Khur Lao/ စိုင်းဆိုင်ဟန်နှင့် စိုင်းအွန်ခေး ညီအကို သျှမ်းပြည် – ကျိုက်ထီးရိုးထိ စက်ဘီးစီးလှုပ်ရှားမှုပြု

ထိုင်းနိုင်ငံသို့ ၀င်ရောက်အလုပ်လုပ်ကိုင်ခဲ့သည့် သျှမ်းရွှေ့ပြောင်းအလုပ်သမား ညီအကို ၂ ယောက်သည် မိမိအပါအ ၀င်သျှမ်းလူငယ်များအားလုံး မူးယစ်ဆေးဝါးကင်းဝေးစေရေးအတွက်လှုပ်ရှားမှုတရပ်အဖြစ် ထိုင်းနိုင်ငံချင်းမိုင်မြို့မှ နယ်စပ်ဖြတ်ကျော်ကာ သျှမ်းပြည်ကိုဖြတ်ပြီး ပဲခူး – ရန်ကုန် – ကျိုက်ထီးရိုး အထိ စက်ဘီးစီး လှုပ်ရှားမှုတွင် ယနေ့ သျှမ်းပြည်တောင်ပိုင်းပိုင်း မိုင်းပန်မြို့သို့ ရောက်ရှိနေသည်ဟု သိရသည်။

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့ဇာတိ စိုင်းဆိုင်ဟန်နှင့် စိုင်းအွန်ခေး ညီအကိုသည် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် ရောက်ရှိအလုပ်လုပ်ကိုင်ခဲ့ကြပြီးနောက် အလုပ်မှ ခွင့်ယူကာ ဇန်နဝါရီလ ၁၃ ရက်ကစပြီး ထိုသို့ခရီးရှည် စက်ဘီးစီးသည့်လှုပ်ရှားမှုပြုခဲ့ကြခြင်းဖြစ်ကြောင်း ဆိုပါသည်။

ညီဖြစ်သူ စိုင်းအွန်ခေးက -“ ကျနော် အခုလိုလုပ်ချင်နေတာကြာပြီ။ ကျနော်တို့ဒီလိုစက်ဘီးစီးခြင်းအားဖြင့် အဓိက ကျန်းမာရေးအတွက်ကောင်းတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်းမထိခိုက်ဘူး။ ကမ္ဘာကြီးပူနွေးမှုကိုလျှော့ချမယ်။ ကျနော်တို့ နောက်အဓိက ရည်ရွယ်ချက်နောက်တချက်က ကနေ့ခေတ်လူငယ်တွေ မူးယစ်ဆေးဝါးနဲ့ကင်းဝေးစေ ရေးအတွက်ဖြစ်တယ်။ အချိန်ရှိတုန်း မိမိအကျိုးရှိစေတဲ့အလုပ် အများအကျိုးကိုမထိခိုက်စေတဲ့အလုပ်ကိုလုပ်ဖို့ပါ။ ကျနော်တို့ အိမ်ထောင်ကျပြီးတဲ့ချိန်၊ ကျနော်တို့အသက်ကြီးလာတဲ့တနေ့ ဒီလိုမျိုးလှုပ်ရှားမှုတွေမလုပ်နိုင်တော့ဘူးလေ။ ဒါကြောင့်အခုလို နုတုန်းငယ်တုန်း အားရှိတုန်းမှာ အကျိုးရှိစေမယ့်လှုပ်ရှားမှုတွေလုပ်ချင်တာဖြစ်တယ် ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၄င်းတို့ညီအကို ၂ ဦးသည် ချင်းမိုင်မြို့မှ ချင်းရိုင်း ၊ မယ်ဆိုင် ထိုမှ နယ်စပ်ဖြတ်ကျော်ကာ တာချီလိတ် ၊ တာလေ၊ မိုင်းဖြတ်၊ ကျိုင်းတုံ ၊မိုင်းဆတ်၊ မိုင်းတုံ လမ်းတလျှောက် စက်ဘီးစီးခရီးဆက်ခဲ့ကြပြီး ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မိုင်းပန်မြို့တွင် အနားယူအိပ်ခဲ့ကြကြောင်းသိရသည်။

စိုင်းအွန်ခေး က – “ကျနော်တို့ စက်ဘီးစီးလာတာ ၁၆ ရက် ရှိပြီ။ သျှမ်းပြည်သဘာဝပတ်ဝန်းကျင်အလှကိုလည်း ကြည့်ရှုခံစားရင်းပေါ့။ ည ရောက်တဲ့နေရာမှာအိပ်တယ်။ မနက်တော့ ခရီးထပ်ဆက်တယ်။ တချို့မြို့ဆိုရင် တည အိပ်တယ် တချို့မြို့ဆိုရင် ၂ ည အိပ်တယ်။ သျှမ်းပြည်ထဲက တောတောင်လမ်းဆိုတော့ တချို့နေရာလည်းမြေသားလမ်း ဘဲရှိသေး တယ်။တချို့လည်း ကျောက်ခင်းလမ်း တချို့နေရာလည်းလမ်းက တအားမကောင်းဘူး။ ဒါပေမယ့် နောက်မဆုတ်ဘူး အားမလျော့ဘူး။ လိုရာခရီးရောက်အောင်သွားပါမယ် ” – ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

၄င်းတို့ညီအကို ၂ ဦးသည် မိုင်းပန်မှတဆင့် လင်းခေး၊ မိုးနဲ၊ ကျိုင်းတောင်း၊ ခိုလမ်၊ နမ့်စန်၊ လွယ်လင်၊ တောင်ကြီး၊ အင်းလေး၊ လွယ်ကော်၊ ပဲခူး၊ ကျိုက်ထီးရိုး၊ ရန်ကုန်၊ ထိုမှတဆင့် နေပြည်တော်၊ မန်းတလေး၊ ထိုမှတဆင့် သျှမ်းပြည် သို့ပြန်ဝင်ကာ မြောက်ပိုင်းတလျှောက်ဖြစ်သော ကျောက်မဲ၊လားရှိုး၊ မူစယ်၊ ထိုမှတဆင့် သံလွင်အရှေ့ပိုင်း ပန်ဆန်း၊ မိုင်းလားမြို့တို့ အထိ စက်ဘီးစီးခရီးဆက်ကြမည်ဖြစ်ကြောင်း သျှမ်းပြည်သားအနေဖြင့် ပထမဆုံးအကြိမ် လမ်းခရီးအရှည်ဆုံး စက်ဘီးစီးခရီးစဉ်ဖြစ်ကြောင်း သိရပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...