လက်ဖက်ခြောက်ထည့်သည့် ပီနံအိတ်များအတွင်း စိတ်ကြွဆေးပြား ၁ သိန်း ဖမ်းမိ

လက်ဖက်ခြောက်ထည့်သည့် ပီနံအိတ်များအတွင်း စိတ်ကြွဆေးပြား ၁ သိန်း ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် (၁၆)မိုင်၊ ကျောက်ချောစစ်ဆေးရေးစခန်းတွင် ဖြတ်သန်းယာဉ်များ အား ရှာဖွေစစ်ဆေးနေစဉ် ခရီးသည်တင်ယာဉ်ပေါ်မှ လက်ဖက်ခြောက်ထည့်ထားသော ပီနံအိတ်များအတွင်း ရောနှောသယ်လာသော စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၁ သိန်းအထိ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲ တပ်ဖွဲ့မှ သိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများ သိုဝှက်သယ်လာသော ပီနံအိတ် ၃ အိတ်အား မိုင်းရှူးမြို့နယ်၊ ကျူလွယ်ကျေးရွာ နေသူများဖြစ်ကြသည့် ခရီးသည် အသက် ၁၉ နှစ်အရွယ် စိုင်းထွန်းဦး၊ အသက် ၂၃ နှစ်အရွယ် မနန်းလူစိန်၊ အသက် ၁၉ နှစ်အရွယ် မနန်းစံစိန်၊ အသက် ၂၁ အရွယ် မနန်းဆိုင်ရွှေ၊ အသက် ၃ဝ အရွယ် စိုင်းဆွေဟန်နှင့် အသက် ၂၇ နှစ်အရွယ် စိုင်းဆွေဦးတို့ ၆ ဦးက သယ်ဆောင်လာခြင်းဖြစ်ပြီး ၎င်းတို့ကို လက်ရှိတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို  ဇန်နဝါရီလ ၂၇ ရက်၊ ည ၁ဝ နာရီ၊ ၄၅ မိနစ်ခန့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

 မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်)မှ တပ်ဖွဲ့ဝင်များ၊ အုန်းချောနယ် မြေရဲ စခန်းမှတပ်ဖွဲ့ဝင်များနှင့် အကောက်ခွန်ဦးစီးဌာနမှဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ ယင်း ကျောက်ချောစစ်ဆေးရေးစခန်းတွင် ဖြတ်သန်းယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် ယင်းစိတ်ကြွဆေး ပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူ ၆ ဦးကို အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...