ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသာ လက်ကိုင်ထားကြောင်း KNPP ဆို

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသာ လက်ကိုင်ထားကြောင်း KNPP ဆို

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အနေဖြင့် အနာဂတ်မြန်မာနိုင်ငံတော်ကို တည်ဆောက်ရာတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုသာ လက်ကိုင်ထားကြောင်း အတွင်းရေးမှူး(၂) ခူးဒယ်နီယယ်က ပြောသည်။

“ကျွန်တော်တို့ KNPP အနေနဲ့ကတော့ အရင်က ချမှတ်ထားတဲ့ ဖက်ဒရယ်နိုင်ငံထူထောင်မယ်ဆိုတဲ့ လမ်းစဉ်ကိုတော့ အခုထိလက်ကိုင်ထားတုန်းပဲ ဖြစ်ပါသေးတယ်။ ဖက်ဒရယ်နိုင်ငံဖြစ်လာဖို့ပဲ၊ အပြောင်းအလဲမရှိပါဘူး” ဟု ပြောသည်။

သို့သော်လည်း ဖက်ဒရယ်စနစ်တည်ထောင်ရေးအတွက် ကြိုးပမ်းရာတွင် အချို့သောတိုင်းရင်းသားများအနေဖြင့် မတူညီသော တောင်းဆိုမှုရှိနေသောကြောင့် စိတ်မကောင်းဖြစ်မိသော်လည်း လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA လမ်းကြောင်းသည် ခိုင်မာသောစာချုပ်မဟုတ်ကြောင်း မြင်လာသည့်အတွက်ကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် တိုင်းရင်းသားများဖက်မှ အခွင့်အရေးမရနိုင်တော့ကြောင်း သုံးသပ်ရှုမြင်လာသည့် အတွက်ကြောင့်လည်း ယခုကဲ့သို့ ဖြစ်လာရခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံအား

ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် တိုင်းပြည်ကို အုပ်ချုပ်နေသောပုဂ္ဂိုလ်(သို့) အဖွဲ့အစည်းများတွင် အဓိက တာဝန်ရှိကြောင်း ဆိုသည်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ အတွင်းရေးမှူး(၂) ခူးဒယ်နီယယ်က “ကျွန်တော်တို့ဖက်ကတော့ နှစ်ဖွဲ့သွားဖြစ်နေတယ်လို့ ဒီလိုမြင်တယ်။ အဲ့တော့ ဥပမာ အစိုးရကိုယ်စားပြု၊ တပ်မတော်ကိုယ်စားပြု၊ တစ်ဖွဲ့ထဲပဲ စိတ်တူကိုယ်တူသွားနိုင်ရင်တော့ ကျွန်တော်တို့လည်း ပါဝင်မှာပဲပေါ့လေ။အဲလိုမျိုးမဟုတ်ဘဲနဲ့ တပ်ကလည်း တစ်မျိုး၊ PC (ငြိမ်းချမ်းရေးကော်မရှင်) ကလည်း တစ်မျိုးဖြစ်နေတော့ ဒီအပေါ် ယုံကြည်စရာက အားမရှိဘူးပေါ့” ဟု၎င်းကဆက်ပြောသည်။

KNPP နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ယခုလ (၁၄) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပြီး နှစ်ဖက် ရှေ့ဆက် တရားဝင်တွေ့ဆုံနိုင်ရေးလမ်းကြောင်းနှင့် KNPP ရဲဘော်များ အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိ ကယားပြည်နယ်(ယခင် ကရင်နီပြည်)သည် မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကာလတွင် သီးခြားလွတ်လပ်သည့် ပြည်နယ်အဖြစ် တည်ရှိခဲ့ပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမြှ မန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လက်ရှိအချိန်တွင် ကယား(ကရင်နီ)ပြည်၏ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် KNPP အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုသာ ရပ်တည်လုပ်ဆောင်နေကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...