ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတည်ဆောက်မှုကို ကန့်ကွက်ဆန္ဒပြသူများ တားဆီးခံရ

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတည်ဆောက်မှုကို ကန့်ကွက်ဆန္ဒပြသူများ တားဆီးခံရ

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတည်ဆောက်နေမှုအပေါ် မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်ရှိ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်း၌ ကန့်ကွက်ဆန္ဒပြသူများကို မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၈ရက်၊နံနက် ၁၁ နာရီက တားဆီးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊အောင်သပြေကျေးရွာ ဒေသခံများက ၎င်းတို့နေထိုင်သည့် ကျေးရွာ အနီးတွင် တည်ဆောက်လျက်ရှိသည့် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ရပ်တန့်ပေးရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ပြီး ဆန္ဒပြရန်အတွက် မဟာအောင်မြေရဲတပ်ဖွဲ့မှူးရုံးသို့ ဇန်နဝါရီလ ၂၆ ရက်တွင် တရားဝင်ခွင့်ပြုမိန့်တင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ခွင့်ပြုမိန့်တင်ရာတွင် မပြည့်စုံသောကြောင့် ရဲတပ်ဖွဲ့က တားဆီးခဲ့ခြင်း ဖြစ်သည်။

"ကွင်းဆင်းကြည့်ဗျာ။ဖြစ်နေတာတွေက မခံနိုင်ဘူး။ကျွန်တော်တို့ အရေးယူခံနေရတယ်။ကုမ္ပဏီဘက်ကိုတော့ ဘာအရေးယူတာမှ မရှိဘူး။ကျွန်တော်တို့ကတော့ ဆက်ကန့်ကွက်နေမှာပဲ။"ဟု ဦးဆောင်သူ ဒေသခံ ဦးရွှေအုံးက ပြောသည်။

ကျောက်မီးသုံးဘိလပ်မြေစက်ရုံတည်ဆောက်နေမှုကို ၂၀၁၄ခုနှစ်မှစတင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီး ထိုသို့ ကန့်ကွက်ခဲ့မှုကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း အရေးယူခံထားရသည်။လက်ရှိအစိုးရအနေဖြင့် စီမံကိန်း ပြုလုပ်နေသည့် နေရာသို့ ကွင်းဆင်းစစ်ဆေးမှုများ လုပ်ကိုင်ပေးရန် ဆန္ဒပြသူများက လိုလားလျက်ရှိသည်။

"မပြည့်စုံလို့တားတာ။သူတို့ကို မနေ့က ရှင်းပြပြီးသား။ပြည့်စုံရင် ခွင့်ပြုပေးမယ်။ဒီနေ့ ကိစ္စကတော့ အရေးမယူပါဘူး။"ဟု တားဆီးခဲ့ခြင်းနှင့်ပတ်သက်၍ မဟာအောင်မြေမြို့နယ်မှ ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က ပြောသည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...