အင်တာပိုမှ ဖမ်းဝရမ်းထုတ်ထားသူ တရုတ်နိုင်ငံသားတစ်ဦး ရန်ကုန်လေဆိပ်တွင် ဖမ်းမိ

အင်တာပိုမှ ဖမ်းဝရမ်းထုတ်ထားသူ တရုတ်နိုင်ငံသားတစ်ဦး ရန်ကုန်လေဆိပ်တွင် ဖမ်းမိ

တရုတ်နိုင်ငံ Naing Bo တရားရုံးမှ ဖမ်းဝရမ်းထုတ်ဆင့်ထားပြီး၊ အင်တာပိုလ်မှ အနီရောင် ဖမ်းဝရမ်း(Red Notice) ထုတ်ပြန်ထားသူ တရုတ်နိုင်ငံသားတစ်ဦးကို ဇန်နဝါရီလ ၂၆ရက်နေ့က ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိခဲ့သည်။

တရုတ်နိုင်ငံသား Mr.Liang Xiaolei (၅၆)နှစ်(ဘ) Mr.Liang Guanfu ဆိုသူကို တရုတ်နိုင်ငံ Ning Bo မြို့၊ Gao Xinရပ်ကွက် စီမံခန့်ခွဲရေးကော်မတီမှ ပေးချေသည့် မြေယာဝယ်ယူရန် ယွမ်ငွေ သိန်း ၆၀ ကျော်အား လက်ခံရယူခဲ့ကာ ၊ ဝင်ငွေခွန် ၁၀ သိန်းကျော်ပေးဆောင်ရန် ပျက်ကွက်ခဲ့မှုကြောင့် Ning Bo မြို့ တရားရုံးမှ  ဖမ်းဝရမ်းထုတ်ဆင့်ထားသူ တရားခံပြေးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် အင်တာပိုလ်မှ ၄င်းအားအနီရောင် ဖမ်းဝရမ်း (Red Notice) ထုတ်ပြန်ထားသူဖြစ်ပြီး  မြန်မာနိုင်ငံဆိုရာတရုတ်သံရုံးမှလည်း ဖမ်းဆီးနိုင်ရန် မေတ္တာရပ်ခံထားသည်။

အဆိုပါ တရုတ်နိုင်ငံသားသည် ဇန်နဝါရီ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံဟောင်ကောင်မှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထိုင်းလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါတရုတ်နိုင်ငံသားကို မင်္ဂလာဒုံမြို့မရဲစခန်းတွင် ချုပ်နှောင်ထားရှိပြီး တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်းသိရသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...