ကလေးမြို့တွင် ဝန်ကြီးနှင့် လွတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း၍ လူထုတွေ့ဆုံပွဲ ပြုလုပ်

ကလေးမြို့တွင် ဝန်ကြီးနှင့် လွတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း၍ လူထုတွေ့ဆုံပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေကြီး ကလေးမြို့တွင် ဝန်ကြီး ၂ ပါးနှင့် လွတ်တော်ကိုယ်စားလှယ် ၂ ဦး ပူးပေါင်း၍ လူထုတွေ့ဆုံပွဲကို ပထမဆုံးအကြိမ်ပြုလုပ်နေကြောင်း သိရသည်။

နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြည်သူများနှင့် ဒူးတိုက်တွေ့ဆုံရန် တိုင်းအစိုးရများအား တိုက်တွန်းအပြီး ၁ ရက်အကြာတွင် ယခုကဲ့သို့ တွေဆုံပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တိုင်းအစိုးရ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုန် ကလေးမြို့နယ် ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် ၂ ဒေါ်သန့်ဝေကျော်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလားထောင်ထန်း နှင့် ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ရှားမီတို့ပူးပေါင်းပြီး လူထုနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

" ဒီတွေ့ဆုံပွဲကနေက ဒေသခံတွေရဲ့ အခက်အခဲတွေကို တစ်ခါတည်းဖြေရှင်းပေးမယ်။ နောက်ပြီး ဝန်ကြီးတွေ အားတဲ့ ရက်မို့တစ်ခါတည်း လူထုနဲ့တွေ့ဆုံလိုက်တာပါ"ဟု ကလေးမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၂ မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။

၂ ရက်အကြာလူထုတွေ့ဆုံပွဲကို ဇန်နဝါရီ ၂၃ ရက်နေ့စတင်၍ ၂၄ ရက်နေ့အထိ ဆင်ရွာ၊ လှိုင်သာယာ၊ ကြို့သုံးပင်၊ချမ်းမြေ့အောင်စည်၊တာဟန်းနှင့်တောင်ဇလပ်ရပ်ကွက်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ဒေသခံများတင်ပြလာသည့် မေးခွန်းများကို အမေးအဖြေကဏ္ဍဖြင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...