စည်ပင်ရွေးကောက်ပွဲတွင် ပါတီ အလံ၊လိုဂိုများ သုံးစွဲခြင်းမပြုဆိုသည့် ကန့်သတ်ချက်ကို ပယ်ဖျက်

စည်ပင်ရွေးကောက်ပွဲတွင် ပါတီ အလံ၊လိုဂိုများ သုံးစွဲခြင်းမပြုဆိုသည့် ကန့်သတ်ချက်ကို ပယ်ဖျက်

စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ပါတီတစ်ခုခု၏ အလံ၊ လိုဂို၊ တံဆိပ်၊ ပါတီကိုထင်ဟပ်စေမည့် အပြင်အဆင်များကို သုံးစွဲခြင်းမပြုရဆိုသည့် ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဆင့်ဆင့်ရွေးကောက်တင်မြောက်ခြင်း ဆိုင်ရာနည်းဥပဒေ များတွင် မပါဝင်သောကြောင့် အဆိုပါကိစ္စကိုပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်း ဇန်နဝါရီလ ၂၃ရက်နေ့တွင် မီဒီယာများကို ခေါ်ယူတွေ့ဆုံကာ ပြောကြားခဲ့သည်။

"ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာနည်းဥပဒေ များထဲမှာ အစည်းအဝေးဆုံးဖြတ်ထားတဲ့ ကန့်သတ်ချက်တွေ မပါဘူး။ မပါတဲ့အတွက် နည်းဥပဒေမှာ ကန့်သတ် ခြင်းမပါတာတွေကို ကန့်သတ်လိုက်သလိုဖြစ်သွားတဲ့အတွက် ဒီနေ့အစည်းအဝေး ပြန်ခေါ်ပြီး ဒါကိုပယ်ဖျက် လိုက်တာပါ" ဟု ဦးသန်း ကပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကော်မရှင်၏ ဇန်နဝါရီ ၂၁ရက် အစည်းအဝေးတွင် နိုင်ငံရေးပါတီများသည် စည်ပင်သာယာကိုယ်စားလှယ်လောင်းအဆင့်ဆင့်ရွေးကောက်ရာတွင် ဝင်ရောက်အ ရွေးခံနိုင်သော်လည်း နိုင်ငံရေးပါတီတစ်ခုခု၏အလံ၊ လိုဂိုအမှတ်တံဆိပ်နှင့် ပါတီပုံရိပ်ထင်ဟပ်စေသည့် အပြင် အဆင်များကို မဲဆွယ်စည်းရုံးခြင်းပြုရာတွင် အသုံးမပြုရန်၊ မဲဆွယ်စည်းရုံးရာတွင်လည်းကောင်း၊ ဆန္ဒမဲလက် မှတ်ထည့်သွင်းရာတွင်လည်းကောင်း၊ ကိုယ်စားလှယ်လောင်း၏အမည်နှင့် ဓာတ်ပုံကိုသာအသုံးပြုရန်၊ မဲဆွယ် စည်းရုံးဟောပြောမှုလုပ်ရာ၌လည်းကောင်း၊ ကြော်ငြာစာ လက်ကမ်းစာစောင်များ၌လည်းကောင်း ပါတီခေါင်း ဆောင်တစ်ဦး၏ ဓာတ်ပုံ၊ ပန်းချီကား၊ အမည်နာမများ ဖော်ပြမဲဆွယ်စည်းရုံးခွင့်မပြုကြောင်းထုတ်ပြန်ခဲ့သည်။

သို့ရာတွင် အထက်ပါအချက်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက် တင်မြောက်ခြင်းဆိုင်ရာနည်းဥပဒေများတွင် မပါဝင်သည့်အတွက် ပယ်ဖျက်လိုက်ကြောင်း ဦးသန်း ကပြော သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ၂၀၁၈ ခုနှစ် ဇွန်လ ၂၈ ရက်စွဲဖြင့် ပြဋ္ဌာန်းခဲ့သော ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေအရ စည်ပင်သာယာရေးကော်မတီဝင်များ ရွေးချယ်တင်မြှောက်မည့် ရန်ကုန်စည်ပင်ရွေး ကောက်ပွဲကို ယခုနှစ် မတ်လ ၃၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲအတွက် လိုအပ်သောလုပ်ထုံးလုပ်နည်းများကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မ တီမှ မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...