တရုတ်နှင့်မြန်မာချစ်ကြည်ရေး စာမျက်နှာသစ် ဆက်လက်ဖွင့်လှစ်နေဟု တရုတ်သံအမတ်ကြီး ပြော

တရုတ်နှင့်မြန်မာချစ်ကြည်ရေး စာမျက်နှာသစ် ဆက်လက်ဖွင့်လှစ်နေဟု တရုတ်သံအမတ်ကြီး ပြော

တရုတ်နှင့်မြန်မာအကြား ချစ်ကြည်ရေး စာမျက်နှာသစ် ဆက်လက်ဖွင့်လှစ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang က မိန့်ခွန်းတစ်ရပ်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ “တရုတ်-မြန်မာသံယောဇဉ်၊ တစ်မိသားစုလုံး ပြုံးပျော်ရွှင် ” ၂၀၁၉ ခုနှစ် ပထမအကြိမ် တရုတ်-မြန်မာနှစ်သစ်ကူးနွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနား မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang က ပြောဆိုခဲ့တာပါ။

နှစ်နိုင်ငံအနေနဲ့ “Belt and Road” တရုတ်-မြန်မာစီးပွားရေးစင်္ကြန် အတူတည်ဆောက်ရေးဟာ တိုးတက်နေပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေမှာ ပူးပေါင်းလုပ်ဆောင်မှုတွေ ဆောင်ရွက်နေတယ်လို့ ဇန်နဝါရီလ ၂၂ ရက်က တရုတ်သံရုံးကနေ ထုတ်ပြန်ထားတဲ့ တရုတ်သံအမတ်ကြီး မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။

တရုတ်-မြန်မာဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမယ်လို့ အပြည့်အဝယုံကြည်ပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အဓွန့်ရှည်ပါစေလို့ ဆုတောင်းကြောင်း ဖော်ပြထားပါတယ်။

ဒီ ပထမအကြိမ် တရုတ်-မြန်မာနှစ်သစ်ကူးနွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲကို တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နှင့် မြန်မာနိုင်ငံဘက်မှ သာသာနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့က ဦးစီးကျင်းပခဲ့တာပါ။

သို့သော်လည်း မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး အကောင်အထည်ဖော်ရန် တရုတ်ဘက်မှ ဆောင်ရွက်မှုတွေ ရှိလာတဲ့အပေါ် မြန်မာဘက်မှ ပြည်သူလူထုတွေဘက်က ကန့်ကွက်မှုတွေ ရှိနေပါတယ်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...