စစ်တပ်စခန်း လေးနေရာချထားသည့်အပေါ် တိုက်ပွဲပြန်ဖြစ်မည်ကို ပြည်သူများ စိုးရိမ်မှုများရှိနေကြ

စစ်တပ်စခန်း လေးနေရာချထားသည့်အပေါ် တိုက်ပွဲပြန်ဖြစ်မည်ကို ပြည်သူများ စိုးရိမ်မှုများရှိနေကြ

ကယားပြည်နယ်အတွင်း မြန်မာစစ်တပ်မှ စစ်တပ်စခန်းလေးခု အသစ်ထပ်မံတည်ဆောက်လိုက်သည့်အပေါ် ဒေသခံလူထုများက စစ်ပွဲအတွက် ပြင်ဆင်မှုပြုများပြုလုပ်နေကြဟု ဒေသခံလူထုများ သံသယဖြစ်နေကြသည့်အတွက် စိုးရိမ်ကြောက်လန့်နေကြရသည်ဟု Karenni Civil Society Network မှ ယနေ့ ထုတ်ပြန်ကြေငြာလိုက်ပါသည်။

“အခုစစ်တပ်စခန်းကလူထုတွေနေတဲ့နေရာထဲကို သွားပြီးစခန်းသွားလုပ်ကြတော့ ဒေသခံတွေက ကြောက်နေကြတာပေါ့။ သူတို့စစ်တွေပြန်တိုက်ကြမှာတွေစိုးရိမ်ကြတယ်။” ဟု Karenni Civil Society Network မှ မော်ဦးဒူက ကန္တာရဝတီတိုင်း(မ်)သို့ ပြောပါသည်။

မြန်မာစစ်တပ်မှ လူထုများနေထိုင်သည့် ကျေးရွာများအတွင်း စစ်တပ်စခန်းလေးခုကို ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလအတွင်းနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ နှစ်လအတွင်း စစ်တပ်စခန်း အသစ်တည်ဆောက်သွားခဲ့ခြင်းဖြစ်သည်။

စစ်တပ်များစခန်းချသည့် ဒီးမော့ဆိုမြို့နယ် ဒေါဖုကျေးရွာရှိ လူထုများက သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံ အသိပေးအကြောင်းကြားစာများလည်းပေးပို့ထားကြသည်ဟု သိရသည်။

ထိုစာအတွင်းတွင် ပြည်သူလူထုများသွားလာရေးအခက်အခဲဖြစ်ခြင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့အစည်းများနှင့် ပဋိပက္ခဖြစ်မည်ကို စိုးရိမ်ကြောက်လန့်မှုများဖြစ်နေခြင်းတို့ကို ပါရှိသည်ကို တွေ့ရပါသည်။

ရှားတောမြို့နယ်မှကျေးရွာသူရွာသားများကလည်း တောင်ယာသွားခြင်း၊ ထင်းခွေသွားခြင်း၊ တောလည်ခြင်းနှင့် ဟင်းရှာထွက်ခြင်းတို့ကိုနေ့ညအချိန်မရွေးသွားလာနေကြသည့်အတွက် ကြောက်လန့် နေရခြင်းတို့ ကြောင့် စစ်တပ်စခန်းချထားသည့်နေရာများကို ကန့်ကွက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံ အသိပေးထားကြသည်ဟု သိရသည်။

ယခုလို လူထုများစိုးရိမ်ကြောက်လန့်နေကြရသည့်အချိန်တွင် ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကတော့ “အရင်လှုပ်ရှားနေတဲ့ စစ်ကြောင်းတွေက ကာကွယ်ရေးဦးစီးချုပ်ရုံးကနေပြီးတော့ လှုပ်ရှားနေတဲ့စစ်ကြောင်းတွေ အဲ့ဒါကယာယီရပ်နားတာပေါ့ သူတို့သွားနေတဲ့စစ်ကြောင်းတွေက သူတို့နားစရာနေရာမရှိရင် တစ်နေရာမှာတော့ သူတို့နေမှာပေါ့။ တပ်မတော်က သူ့အလုပ်ကိုသူလုပ်တာပေါ့ ကာကွယ်ရေးလုံခြုံရေးအရ။ လုံခြုံရေးသဘောအရပေါ့။ ဘာမှစိုးရိမ်စရာမရှိဘူး။” ဟု ပြန်လည်တုန့်ပြန် ပြောဆိုသွားပါသည်။

၎င်းစခန်းများမှာ ဒီးမော့ဆိုမြို့နယ် ၊ ဒေါဖုကျေးရွာအုပ်စုအတွင်းရှိ ဒေါဖုကျေးရွာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ၂၃ ရက်နေ့က ခလရ(၅၄)တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးဆောင်အင်အား၂၀ဦးကျော်က စခန်းချခဲ့ခြင်း ၊ ဒီဇင်ဘာလ ၂၄ရက်နေ့တွင် မော်ချီးအခြေစိုက် ခလရ ၄၂၈ မှ ဒုတပ်ရင်းမှူး အေးချမ်းစိုးမှ အင်အား၂၀ဦးကျော်တို့သည် ဖားဆောင်းမြို့နယ်အတွင်း ထူးချသစ်ကွင်းနှင့် ၅ မိုင်ခန့်အကွာရှိ နတ်ရေထွက်ပေါက် (ဗိုလ်သန်းဝင်းကုန်း)သို့ ဝင်ရောက်လာပြီး စခန်းချခဲ့ခြင်း ၊ ဇန်နဝါရီလ ၃ ရက်နေ့ ၂၀၁၉ ခုနှစ်တွင်ဘောလခဲအခြေစိုက် ခလရ ၃၃၇မှ အင်အား၆၀ ဦးတို့က နတ်ရေထွေက်ပေါက်စခန်းသစ်မှ စစ်သားအင်အားများနှင့် ပူးပေါင်းပြီး မော်ချီး-လွိုင်ကော်ကားလမ်း အနောက်ဖက်တလျှောက်တွင် ကင်းလှည့်လှုပ်ရှားခဲ့ခြင်းများပြုလုပ်ခဲ့ကြသည်။

ထို့အပြင်ရှားတောမြို့နယ်၊ ဒေါဝယ်ရောနှင့် သီရိဒါးကျေးရွာအနီး ဇန်နဝါရီလ အတွင်းခလရ ၄၂၉ မှ တပ်ရင်းမှူး ဟန်ဝင်းထွန်းဦးစီးပြီး အင်အား၂၀ ကျော်စခန်းချခဲ့ခြင်း၊ ဘောလခဲအခြေစိုက် ခလရ ၃၃၇မှ တပ်ရင်းမှူးဇော်မျိုးထွန်း ဦးစီးအင်အား၃၀ တို့က မယ်စဲမြို့နယ်အတွင်းရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ) နယ်မြေဖြစ်သည့် နန်းမန်းခီးတွင် စခန်းချခဲ့ခြင်းတို့ပြုလုပ်ခဲ့ကြသည်။

၂၀၁၂ ခုနှစ် မြန်မာအစိုးရနှင့် ကေအဲန်ပီပီအကြား ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေမှာလည်း တပ်နေရာချထားရေးကိစ္စ လျော့ချရေး၊ သွားလာလှုပ်ရှားမှုကိစ္စများကြိုတင်အသိပေးအကြောင်းကြားခြင်းတို့ကို တံခါးပိတ် ဆွေးနွေးချိန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...