ကြက်သွန်ဈေးနည်း၍ တောင်သူများအရှုံးပေါ်

ကြက်သွန်ဈေးနည်း၍ တောင်သူများအရှုံးပေါ်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်းရှိ ကျေးရွာအုပ်စုများတွင် ဆောင်းရာသီသီးနှံအဖြစ် အစိုက်များသည့် ကြက်သွန်ဖြူများဈေးကွက်မရှိ၍ တောင်သူများအရှုံးပေါ်နေကြောင်း သိရသည်။

”ပိဿာချိန်နှစ်ထောင်လောက်ရတယ် ဒါပေမယ့် တစ်လုံးမှမရောင်းရဘူး ဘုန်းကြီးကျောင်းမှာလည်းလိုက်ပြီးပေးတယ် တစ်ချို့ဆို ပုပ်ကုန်တယ်” ဟု နမ့်ပေါ်လုံကျေးရွာမှ တောင်သူဒေါ်မနွဲ့ကပြောသည်။

ယခုနှစ်ကြက်သွန်ဖြူဈေးမရှိသည့်အတွက် ယခင်နှစ်စိုက်ပျိုးထားသည့် ကြက်သွန်ဖြူများကို လုံးဝမရောင်းရသေးသည့်အတွက် ပုပ်ကုန်ကာသွန်ပစ်လိုက်ရကြောင်း သိရသည်။

ကြက်သွန်ဖြူပိဿာချိန် အများရသော်လည်း ယခုနှစ်ကြက်သွန်ဈေးမရှိသည့်အတွက် တောင်သူတော်တော်များများ မစိုက်ပျိုးရဲကြတော့ချေ။ ထို့ကြောင့် ကြက်သွန်စိုက်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြသည့် တောင်သူများအတွက် မိသားစုစားဝတ်နေရေး ခက်ခဲလာခဲ့သည်။

ကြက်သွန်ဖြူဈေးမရှိသည့်အတွက်ကြောင့် တောင်သူများထံတွင် မဝယ်ဖြစ်တော့ကြောင်း လွယ်ပေါကျေးရွာကုန်စည်ဒိုင် ဒေါ်ဖြူထွေးက ဆိုသည်။

“အစ်မတို့လည်း ပင်လောင်းထိသွားရောင်းတယ်။ ဝယ်သူမရှိ၊ ဈေးလည်းမကောင်းတော့ ဒီတိုင်းပြန်လာရတယ်လေ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သောနှစ်များတွင် ကြက်သွန်ဖြူဈေးတစ်ပိဿလျှင် ၁၅၀၀ခန့်ထိရှိသော်လည်း ယခုနှစ်တွင်မူ ယခင်နှစ်၏ထက်ဝက်ဈေးခန့်ပင် မရရှိကြပေ။ အောင်ပန်းထိသွားရောက်ရောင်းချသော်လည်း ဝယ်သူမရှိသည့်အတွက် အိမ်သို့ ပြန်သယ်လာရကြောင်း သိရသည်။

” ဦးလေးတို့ဆိုရင်လည်း အောင်ပန်းထိတက်ရောင်းတာ အရင်းဘဲပြန်ရတယ် လုပ်အားခတို့မြေသြဇာခ တို့ဆိုအကုန်ရှုံးတယ်˝ ဟု လဟယ်ကျေးရွာမှ တောင်သူတစ်ဦးကဆိုသည်။

ဖယ်ခုံအရှေ့ဘက်ကမ်းရှိဒေသခံအများစုသည် ကြက်သွန်၊ ပဲပုတ်၊ ပြောင်းဖူး စသည်တို့ကိုစိုက်ပျိုးကြသည်။ ကြက်သွန်ဈေးမရှိသော်လည်း စားဝတ်နေရေးအတွက်မဖြစ်မနေ စိုက်ပျိုးနေကြရသည်။

ယခုရက်ပိုင်းအတွင်း ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် ကြက်သွန်ဖြူဈေးနှုန်းတစ်ပိဿာ ၁၅၀၀ခန့် ဈေးပေါက်ကြောင်း ကယားကုန်ဈေးနှုန်းသတင်းအရ သိရသည်။

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...