ကြမ်းဖက်ခံရပေမယ့်လည်း တိုင်ကြားရန် ရှက်ကြောက်နေကြရသည့်ဘဝ ရှိနေကြဆဲ

ကြမ်းဖက်ခံရပေမယ့်လည်း တိုင်ကြားရန် ရှက်ကြောက်နေကြရသည့်ဘဝ ရှိနေကြဆဲ
ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းရှိ အမျိုးသမီးများအတွက်လုံခြုံအိမ်
ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းရှိ အမျိုးသမီးများအတွက်လုံခြုံအိမ်

အိမ်ထောင်သည်အမျိုးသမီးများဘဝ အမျိုးသားများအကြမ်းဖက်ခြင်းသည် ဖြစ်ရိုးဖြစ်စဉ်အလေ့အထဟု ယူဆနေကြသည့် အယူအဆမှားများကြောင့် အမျိုးသမီးအများစုသည် လုံခြုံအိမ်သို့ လာရောက်တိုင်ကြားရန် ရှက်ကြောက်နေကြရသည့်ဘဝကြုံတွေ့နေကြရသည်ဟု ကရင်နီဒုက္ခသည်စခန်းမှ WCP (Women and Child Protection)တာဝန်ခံ ဆရာမပိုးမယ်က ပြောသည်။

“ပြသာနာက သူတို့တွေ အယူသီးကြတယ်။ အများအားဖြင့် အမျိုးသမီးတွေက အခုလို အိမ်တွင်းမှာ အကြမ်းဖက်ခံနေရပြီဆိုရင် ဖြစ်လေ့ဖြစ်ထားရှိ အရာလို့ လက်ခံကြတယ်။ လုံခြုံအိမ်ထိ သွားနေဖို့မလိုဘူး။ လုံခြုံအိမ်မှာ သွားနေတာဟာ သိက္ခာကျတယ်လို့ ပြောကြတယ်။” ဟု ဆရာမပိုးမယ်က ပြောသည်။

ယခုကဲ့သို့ အိမ်တွင်း အကြမ်းဖက်ခံနေရခြင်းသည် ဥပဒေနှင့် လိုက်လျောညီထွင်မူ မရှိသည့်အတွက် ပတ်ဝန်းကျင်မှလည်း အကြမ်းဖက်ခံရသည့်အမျိုးသမီးများကို ကူညီပေးသင့်သည်ဟု ဆိုပါသည်။

ကရင်နီဒုက္ခသည်စခန်းမှ လုံခြုံအိမ်သို့ရောက်ရှိလာသည့် အမျိုးသမီးများသည် ၎င်းတို့အမျိုးသားများက မူးယစ်သေစာသောက်စားပြီး ဆိုးသွမ်းနေကြသည့်ဒဏ်ကိုခံစားနေကြရသည့်အတွက် လုံခြုံမှုမရှိနိုင်ကြောင်း ဆရာမပိုးမယ်က ထောက်ပြပြောဆိုသွားပါသည်။

လုံခြုံအိမ်သို့ ရောက်ရှိနေသည့် အမျိုးသမီးများအတွက် လိုအပ်ပါက ကရင်နီတရားရေးသို့ လွှဲပြောင်းပြီး အမူအတိုင်း တရားရင်ဆိုင်နေရဖြစ်သည်။ နှစ်ဦးနှစ်ဘက်အတွက် ပြန်လည်အဆင်ပြေစေရန် တရားရေးဘက်မှ ဆုံးဖြတ်ချက်ချပြီး ကတိဝန်ခံချက်တွေ လက်မှတ်ရေးထိုးခိုင်းတာမျိုး ပြုလုပ်လျက်ရှိသည်ဟုသိရသည်။

လက်ရှိအခြေအနေ ထိုင်-မြန်မာနယ်စပ် ကရင်နီဒုကသည် အမှတ် (၁) စခန်းမှာ နေထိုင်သည့် ကရင်နီအမျိုးသမီးများဟာ အကြမ်းဖက်မူများထဲတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အများဆုံးခံနေရတာဖြစ်သည်ဟု သိရှိရသည်။

ကရင်နီအမျိုးသမီးလက်အောက်ရှိ မိခင်နှင့် ကလေးကာကွယ်စောင်းရှောက်မှု လုပ်ငန်းတွင် ရပ်ရွာသို့ ကွင်းဆင်းပြီး GBV (Gender Basic Voilence) အကြောင်းနှင့် ပတ်သက် ပညာပေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

အမျိုးသမီးအရေး လှုပ်ရှားမူမှာ အမျိုးသားများအတွက် ပါဝင်မူအားနည်းနေတာကို တွေ့ရသည်။ ကွင်းဆင်းပညာပေးခြင်း ၊ campaign လုပ်ငန်းများတွင် အမျိုးသားပူပေါင်း ပါဝင်မူမရှိသလောက် ဖြစ်နေသည်ဟု ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှ အမျိုးသမီး အစည်းအရုံး ဥက္ကဌ နော်ဘေးဘေက ပြောသည်။

” ကယ်၍ ကွင်းဆင်းသွားပီးဆိုရင် အို.. အမျိုးသမီးအဖွဲ့ပဲ ဆိုပြီး လာနားမထောင်ချင်ကြဘူး။” ဟု နော်ဘေးဘေက ပြောသည်။

အကြမ်းဖက်မူဆိုသည့် ခေါင်စဉ်ကြီးတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မူ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မူ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မူ၊ ရိုးရာဓလေ့၊ လူမူစီးပွားရေးဆိုင်ရာ အကြမ်းဖက်မူ စသည့်တို့ ဖြစ်သည်။

ယခင်နှစ်တွေ အကြမ်းဖက်ခံနေရသည့် အမျိုးသမီးအတွက် လုံခြုံအိမ်နှစ်လုံး ရှိပြီး လက်ရှိမှာ တစ်လုံးပဲ ကျန်ရှိပါတောသည်။

လက်ရှိ ကရင်နီဒုကသည် အမှတ် ၁ စခန်းမှာ လူဦးရေ စုစုပေါင်း ၉၁၀၀ ကျော်ရှိပြီး အမျိုးသမီးဦးရေဟာ ၄၅၀၀ ကျော်ရှိသည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...