ပထမဦးဆုံး နှစ်သစ်ကူးမိန့်ခွန်းပြောခဲ့သူ ဆာစံစီဖိုး မျက်နှာဖုံးပုံပါ ကရင့်ကြေးမုံမဂ္ဂဇင်း ထွက်ရှိ

ပထမဦးဆုံး နှစ်သစ်ကူးမိန့်ခွန်းပြောခဲ့သူ ဆာစံစီဖိုး မျက်နှာဖုံးပုံပါ ကရင့်ကြေးမုံမဂ္ဂဇင်း ထွက်ရှိ

မြန်မာနိုင်ငံတွင် တရားဝင် ကရင်နှစ်သစ်ကူးနေ့ ကျင်းပသည့် ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ပထမ ဦးဆုံး ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အသံလွှင့်မိန့်ခွန်းပြောဆိုခဲ့သူ ထိုစဉ်က တောင်ငူအထက်လွှတ်တော် အမတ် ဒေါက်တာဆာစံစီဖိုး (၁၈၇၀-၁၉၄၆) မျက်နှာဖုံးပုံပါ ၂၇၅၈ ခုနှစ်၊ ကရင့်ကြေးမုံ မဂ္ဂဇင်းကို ကရင်အမျိုး သား နှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီ (မဟာရန်ကုန်)က ထုတ်ဝေဖြန့်ချိလိုက်သည်။

ကရင့်အမျိုးသားများကို နိုင်ငံရေးအသိမျိုးစေ့ချပေးခဲ့သည့် ဒေါက်တာတီသံပြာ ပြီးနောက် ဒေါက်တာ ဆာစံစီဖိုး သည် လွတ်လပ်ရေးမရမှီနှင့် ကရင့်တော်လှန်ရေးမစတင်ခင် အချိန်တွင် အမျိုးသားရေး လှုပ်ရှားမှုတို့တွင် ကရင် အမျိုးသားများကို နိုင်ငံရေးနှင့် လူမျိုးရေးအသိရှိအောင် လုပ်ဆောင်ခဲ့သည်ကို အမှတ်ရဂုဏ်ပြုသည့်အနေဖြင့် ယခုလို မျက်နှာဖုံးပုံ အသုံးပြုရခြင်းဖြစ်သည်ဟု ကရင့်ကြေးမုံ အယ်ဒီတာ တစ်ဦးဖြစ်သူ စောယောင့်သာအဲဆန် က ကေအိုင်စီသို့ ယခုလို ပြောသည်။

“သူ့ပုံကို ကရင်စာပေအသိုင်းအဝိုင်းမှာ ထွက်တဲ့ မဂ္ဂဇင်းစာစောင်တွေမှာ၊ သူ့ပုံမျက်နှာဖုံးမှာ ဂုဏ်ပြုဖော်ပြထုတ် တာ မတွေ့ရသေးဘူး။ ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်ထဲမှာ စံပြနေရာမှာသူလည်းရှိတယ်။ ဒီလိုမျက်နှာဖုံးမှာ ဖော်ပြပေး ခြင်းအားဖြစ် လူငယ်တွေအနေနဲ့ ဒီပုဂ္ဂိုလ်ဟာ ဘယ်လိုမျိုးလဲဆိုတာ လေ့လာချင်စိတ်ရှိလာအောင်ရည်ရွယ် တာပါ”ဟု ၎င်းက ဇန်နဝါရီ ၂ ရက်နေ့တွင် ပြောသည်။

ကရင်နှစ်၂၇၅၈ ခုနှစ်ထုတ် ကရင့်ကြေးမုံမဂ္ဂဇင်းတွင် ကရင်နှစ်သစ်ကူးနေ့ တရားဝင်ဖြစ်ပေါ်လာပုံ အကြောင်း အရာများ၊ အမျိုးသားရေး ကဗျာများ၊ ကာတွန်း၊ ဝတ္တုတို/ရှည်၊ ဆောင်းပါးများ၊ ကရင်အမျိုးသားသမိုင်းပြုစုသူ နှင့် တွေ့ဆုံ စကားဝိုင်းစသည့် အကြောင်းအရာများ၊ ပိုးနှင့် စကော စာပေဆောင်းပါးများစသည့် အကြောင်းအ ရာတို့ကို နယ်ပယ်စုံမှ ကရင်စာရေး ဆရာများက ရေးသားထားပြီး စုစုပေါင်းစာမျက်နှာ ၃၀၀ ကျော်ပါဝင်သည်။

အဆိုပါ ကရင့်ကြေးမုံမဂ္ဂဇင်းကို ဇန်နဝါရီ ၅ ရက်မှ ၇ ရက်နေ့ထိ အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့်ကျောင်းဝင်း၌ ကျင်းပမည့် နှစ်သစ်ကူးပွဲတော်တွင် ဗဟိုကော်မတီပြခန်း၌ ရောင်းချသွားမည်ဖြစ်သလို နယ်မှမှာယူလိုပါက ပြန်ကြားရေး ဆပ်ကော်မတီနှင့် ဗဟိုကော်မတီတာဝန်ရှိသူများထံ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

တစ်နှစ် တစ်ကြိမ် ထွက်ရှိသည့် ကရင့်ကြေးမုံမဂ္ဂဇင်းအနေဖြင့် ကရင့်တော်လှန်ရေးတွင် ထင်ရှားသည့် ခေါင်း ဆောင်များဖြစ်သည့် စောဘဦးကြီး၊ မန်းဘဇံ၊ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ ပဒိုမန်းရှာလားဖန်း၊ ကရင်အမျိုးသား များကို နိုင်ငံရေးအသိဖွင့်ပေးခဲ့သူ ဒေါက်တာတီသံပြာစသည့် ပုဂ္ဂိုလ်ကြီးများကို ယခင်ထွက်ရှိသည့် မဂ္ဂဇင်းများ ၌ မျက်နှာဖုံးတွင် ဂုဏ်ပြုဖော်ပြခဲ့ဘူးသည်။

Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...
Photo: Myaung Education Network
June 2, 2026
ကြားကာလပညာရေးဖော်ဆောင်ရာတွင် လှုပ်ရှားဆောင်ရွက်နေကြသည့် CDM များအား လခပေး ဝန်ထမ်းအဖြစ်...
Photo: KNU
June 1, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊...
May 30, 2026
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ညအချိန် ဆိုင်ကယ်များကို ဆူညံစွာ...