မွန်ပြည်နယ် လိုင်စင်မဲ့ယာဉ်များ ဇန်နဝါရီ ဒုတိယပတ်တွင် စတင်ဖမ်းဆီးမည်ဟုဆို

မွန်ပြည်နယ် လိုင်စင်မဲ့ယာဉ်များ ဇန်နဝါရီ ဒုတိယပတ်တွင် စတင်ဖမ်းဆီးမည်ဟုဆို
မွန်ပြည်နယ်တွင်ဖမ်းဆီးရမိခဲ့သော လိုင်စင်မဲ့ကားများ (MCN TV)
မွန်ပြည်နယ်တွင်ဖမ်းဆီးရမိခဲ့သော လိုင်စင်မဲ့ကားများ (MCN TV)

မွန်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူရေး ရက် ၁၀၀ စီမံချက်ဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်မှစတင်၍ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ဆိုသည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက “စီမံချက်မှာတော့ အပိုင်းသုံးပိုင်း သတ်မှတ်ထားတယ်၊ ပထမတော့ လွယ်လွယ်ကူကူပြောရင် အသိပညာပေးမှုအပိုင်းနဲ့ လုပ်သွားမယ်၊ ဖမ်းဆီးအရေးယူမှုအပိုင်း ဆက်လုပ်သွားမယ် ပြီးသွားရင် ဖမ်းဆီးအရေးယူမှုနဲ့ အသိပညာပေးမှုအပေါ်မှာ ပြန်လည်သုံးသပ်ခြင်းအပိုင်းနဲ့ လုပ်သွားမယ်” ဟု ပြောသည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူရေးနှင့် ပတ်သက်၍ တစ်ပတ်တစ်ကြိမ် ဖမ်းဆီးမှု အစီရင်ခံစာနှင့် တစ်လတစ်ကြိမ် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ သံထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ဒေါ်ခိုင်ခိုင်လဲ့က “လိုင်စင်မဲ့ယာဉ်တွေ ကားတွေကို အဓိက ဘော်ဒါ(နယ်စပ်) ဧရိယာမှာ ထိန်းချုပ်ရမယ်၊ ကရင်ပြည်နယ်အစပ်မှာ ထိန်းချုပ်ရမှာ၊ မွန်ပြည်နယ်ထဲကိုဝင်တာ များသောအားဖြင့် ကရင်ပြည်နယ် နယ်စပ်ကလာတာများတဲ့အတွက်ကြောင့် ဘော်ဒါဧရိယာကို ပိုပြီးတော့ တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖြေရှင်းရမယ့်ဟာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အတူ မွန်ပြည်နယ်ရှိ မော်တော်ဆိုင်ကယ် ၇၀% နီးပါးခန့်မှာ မြဝတီနယ်စပ်ဘက်မှသွင်းလာသော ယိုးဒယားနံပါတ်ပြားများ တပ်ဆင်ထားသည်ကို မြင်တွေ့နေရကြောင်း သူမက ဆက်ပြောသည်။

သို့ရာတွင် မွန်ပြည်နယ်ရှိ လူမှုရေးအသင်းအဖွဲ့များ အသုံးပြုသည့် ပရဟိတယာဉ်များသည် လိုင် စင်မဲ့ယာဉ်အများဆုံးဖြစ်ကြောင်း ပြည်နယ်ရှိလူမှုရေးအသင်းအဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။

ယခင်မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအုန်းမြင့် လက်ထက်၌ လိုင်စင်မဲ့ မော်တော်ယာဉ်အစီး ၅၀ဝ ကျော်ကို လေလံတင်၍ (၃) ကြိမ်ရောင်းချခဲ့သော်လည်း လက်ရှိ NLD အစိုးရလက်ထက်တွင် လေလံတင်ရောင်းချခဲ့ခြင်း မရှိသေးပေ။

 

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...