စွန့်လွှတ်ပြီးသားမြေပေါ် တပ်မြေဧရိယာအမှတ်အသား ပြန်လည်စိုက်ထူ

စွန့်လွှတ်ပြီးသားမြေပေါ် တပ်မြေဧရိယာအမှတ်အသား ပြန်လည်စိုက်ထူ

လောဂျာကျေးရွာနား အမှတ် ၁၄ တပ်က စွန့်လွတ်ထားတဲ့မြေဧရိယာအပေါ် တပ်ဧရိယာအမှတ်အသားတွေ မှတ်တိုင်တွေ ပြန်စိုက်ထားတယ်လို့ သိရပါတယ်။

အဲဒီအကွက်ထဲမှာလည်းပုံစံ (၃) ရရှိပြီးသားအကွက်တွေဖြစ်တဲ့ အတွက် ဒီမှတ်တိုင်ပြန်လည် စိုက်ထူထားတဲ့အပေါ် ရွာသားတစ်ချို့က မကျေနပ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

“စွန့်လွတ်ထားတဲ့မြေဆိုပြီးတော့မှ တရားဝင်လွှဲပြောင်း ပြီးပြီ၊ တပ်ဧရိယာမှတ်တိုင်တွေ ပြန်လာစိုက်ထူတဲ့အတွက် ဘာသဘောနဲ့လည်၊ ဒါကမြေစာရင်းကလိုတာလား၊ စစ်တပ်ကလိုတာလားဆိုတာလူထုတွေကမေးစရာတွေ ဖြစ်လာပါတယ်။” လို့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ် ကပြောပါတယ်။

၂၀၁၄ခုနှစ်က အမှတ် ၁၄ တပ်က ၁၉၉.၈၆ဧကကို စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တွင် ထိုမြေပေါ်၌စာသင်ကျောင်းတစ်ဆောင်ဝင်ရောက်ဆောက်လုပ်ခဲ့ပါတယ်။ ဒါ့အပြင်

၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စွန့်လွှတ်မြေအတွင်း တပ်ဧရီယာမှတ်တိုင်ဝင်ရောက်စိုက်ထူပြန်ပါတယ်။

ဒီအမှတ် (၁၄) တပ်မြေနဲပတ်သက်ပြီးလောဂျာကျေးရွာနေဦးတီရယ် က”…ဒီအမှတ် ၁၄ က သူတို့ သိမ်းထားတဲ့ အခုတောင်သူတွေကသူတို့ သိမ်းထားတဲဟာကသိမ်းထားပြီးသားဒါမဲ့ခြံခတ်ထားတာအကုန်မခတ်ထားဘူး။ ဒါမဲ့ခြံပြင်မှာတော့တောင်သူတွေက စိုက်ဖြစ်နေသေးတယ်၊ နှစ်တှိုင်းကတော့တောင်သူတွေလုပ်စားသေးတယ် ဒါမဲသူတို့ကလုပ်ပိုင်ခွင့်မရဘူးသူတို့ပြောတယ် ဒါမဲ့ ကျတော်ဖက်တောင်သူတွေကမလုပ်ရင်လည်းအခြားနေရာလည်းလုပ်စားဖို့လည်းမရှိတောဘူး”လို့ပြောပါတယ်။

၂၀၁၀ ခုနှစ်ကတည်းက စစ်တပ်ကနေပြီး အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေးကျောင်းတည်ဆောက်ဖို့ ဒေသခံဖရူဆိုမြို့နယ်ထဲက ဘိုးဘွားပိုင်မြေယာ ဧက ၃၂၅၇ သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

အဲဒီထဲကမှ ၁၉၉.၈၆ ဧကကိုစွန့်လိုက်တာဖြစ်ပါတယ်။ ၂၀၁၀-၁၁ခုနှစ် အစိုးရအပြောင်းအလဲကာလမှာ ဖိအားပေးမှုတချို့ တောင်သူတွေက ကြောက်ပြီး ၁ ဧကကို လျော်ကြေး ၅ သောင်းနဲ့ ယူထားခဲ့တာက ၆၈၀ ဧကရှိတယ်လို့ သိရပါတယ်။

နောက်ပိုင်းတွင်မှု ဒေသခံတိုင်းရင်းသားများသည် မိမိတို့လယ်ယာမြေပေါ်ပြန်လည်လုပ်ကိုင်စားသောက်ရန် ပြန်လိုချင်လာကြသဖြင့် သိမ်းဆည်းထားသည့် မြေယာများအားလုံးကို ပြန်စွန့်လွှတ်ဖို့ သိမ်းဆည်းခံလယ်ယာမြေများပြန်ရရှိရန် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးဗဟိုကော်မတီကို တိုင်ကြားထားတယ်လို့သိရပါတယ်။

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...