ပြည်နယ်ဒေသခံများ စားသုံးသူအခွင့်အရေးသိရှိမှုအားနည်းလျက်ရှိ

ပြည်နယ်ဒေသခံများ စားသုံးသူအခွင့်အရေးသိရှိမှုအားနည်းလျက်ရှိ
စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲမြင်တွေ့ရစဉ်။
စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲမြင်တွေ့ရစဉ်။

ကယားပြည်နယ်ဒေသခံပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်ပြီး အသိပညာအားနည်း လျက်ရှိနေသည်ဟု ကျေးလက်ဒေသဖွံ့ဖြိုးရေး အကျိုးပြုအသင်း စီမံကိန်းညှိနှိုင်းရေးမှူး ဦးထွန်ပြောင်းလျန် ကပြောသည်။

“စားသုံးသူအခွင့်အရေးဆိုတာမသိကြဘူးပေါ့နော်။ စားသုံးသူလို့ပြောတဲ့အခါမှာ ဗမာစကားမှာစားသုံးလို့ပြောတဲ့အခါမှာ အစားအသောက်လို့ပဲကျတော်တို့ထင်ကြတာပေါ့နော် တကယ်တော့ ခုဏပြောသလိုဝန်ဆောင်မှုတွေအများကြီးပါတယ်။” ဟု ဦးထွန်ပြောင်းလျန်က ပြောသည်။

စားသုံးသူဟုဆိုရာတွင် စားသောက်ကုန်တခုတည်းမဟုတ်ပဲ ဝန်ဆောင်မှုများလည်းပါသည်ကို ပြည်သူအများစုက မသိကြသည့်အတွက် ထိခိုက်နစ်နာမှုများရှိနေပါသည်။

စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲမြင်တွေ့ရစဉ်။

ထို့အပြင် စားသုံးသူများဘက်မှ နစ်နာမှုများရှိလျျင် မည်ကဲ့သို့ တိုင်ကြားရမည်ကို သိရှိရန် လိုအပ်သည့်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့က မြို့နယ်ခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြသည်။

ဒေသခံပြည်သူများအနေဖြင့် ဝန်ဆောင်မှုများ၊ ကုန်ပစ္စည်းများဝယ်မည်ဆိုပါက အာမခံချက်ရှိသည့် ပစ္စည်များသေချာဖတ်ရှု့ကြည့်ပြီးမှ ဝယ်ယူစားသုံးကြရန်လိုအပ်သည်ဟု စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်မြိုရီက ပြောပါသည်။

“သတင်းအချက်အလက် တွေဖော်ပြထားတဲ့ သုံးစွဲပုံအညွှန်းတွေ ထားသိုရမည့်နည်းလမ်းတွေ ကျမတို့ ဒီသက်တမ်းကုန်ဆုံးရက်တွေ သေချာဖတ်ရှု့ပြီးမှ ဝယ်ယူစားသုံးစေချင်ပါတယ်။” ဟု ဒေါ်မြိုရီက ပြောသည်။

ထိုကဲ့သို့လမ်းညွန်ချက်များမပါရှိသည့်အပြင်၊ စားသုံးသူများမှ တစုံတရာ ထိခိုက်နစ်နာမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည်ဟု ဆိုပါသည်။

သို့သော် စားသုံးသူရေးရာ ဥပဒေအနေဖြင့် လက်ရှိတွင်ဥပဒေချိုးဖောက်နေသူများကို အနည်းဆုံး လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည့်အဆင့်သာရှိသည့်အတွက် ထိရောက်မှုမှာလည်းအားနည်းလျက်ရှိနေသေး သည်။

ယခုစားသုံးသူရေးရာဥပဒဒေအားနည်းသည့်အတွက် ဥပဒေသစ်ထပ်မံပြုပြင်ရေးဆွဲလျက်ရှိရာ ၎င်းဥပဒေထဲတွင် ပစ်မှုပြစ်ဒဏ်အဖြစ် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ်ကျပ်သိန်းနှစ်ရာပေး ဆောင်ရမည်ဟု ထည့်သွင်းထားသည်ဟုသိရသည်။

ဥပဒေအသစ်ထွက်ရှိလာမှသာလျှင် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို ပိုမိုအားကောင်းမည်ဟု ဒေါ်မြိုရီက ပြောသည်။

လက်ရှိတွင် ပြည်နယ်အတွင်းတိုင်ကြားမှုများကို စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူများအကြား ညှိနိုင်းဖြေရှင်း ပေးနေသည်ဟု သိရသည်။

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...