ရခိုင်အမျိုးသားအဆင့် မဟာဗျူဟာနှင့် မူဝါဒရေးရာဆွေးနွေး

ရခိုင်အမျိုးသားအဆင့် မဟာဗျူဟာနှင့် မူဝါဒရေးရာဆွေးနွေး

ရခိုင်ပြည်အဖွဲ့အစည်းများစုစည်းပြီး ANPCCအဖွဲ့မှ ဦးဆောင်ကာ ရခိုင်ပြည်နယ်ရှိ အဖွဲ့အစည်းအသီးသီးမှ ပါဝင်ပူပေါင်းပြီး  ရခိုင်အမျိုးသားအဆင့် မူဝါဒတစ်ရပ်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဒီဇင်ဘာ၁၀ရက်နေ့မှ ၁၅ရက်နေ့အထိ ၆ရက်တာ ရေးဆွဲခဲ့ကြောင်း သိရှိရသည်။

ရခိုင်အမျိုးသာအဆင့် မဟာဗျူဟာနှင့် မူဝါဒရေးရာ ဆွေးနွေးပွဲ(ANPCC)သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ ပထမအကြိမ်အဖြစ်ပြုလုပ် ခဲ့သည့် ရခိုင်အမျိုးသားအဆင့် မှုဝါဒရေးရာ နှီးနှောဖလှယ်ပွဲ(ANSCM) မှရရှိခဲ့သော မှုဝါဒများအား အခြေခံပြီး ပြန်လည်သုံးသပ်ညှိနှိုင်းရေးဆွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

၎င်းဆွေးနွေးပွဲအား ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) မှ ကမကထပြု ကျင်းပခဲ့ခြင်းဖြစ်ပြီး ရခိုင်အမျိုးသားနိုင်ငံရေးပါတီနှင့် မျိုးနွယ်စုနိုင်ငံရေးပါတီ (၇) ပါတီ၊ အရပ်ဘက်လူမှုအသင်းအဖွဲ့  (၂၂) ဖွဲ့၊ တသီးပုဂ္ဂလကိုယ်စားလှယ် (၂) ဦးနှင့် လေ့လာသူ (၇) ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

စစ်မှန်သော ငြိမ်းချမ်းရေးလမ်းကြောင်းမှတဆင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် ရခိုင်ပြည်နှင့် ရခိုင်ပြည်သားတို့၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို ထင်ဟပ်စေမည့် အမျိုးသားရေးမူဝါဒများအား ဒီမိုကရေစီ နည်းလမ်းကျ စုစည်း ရေးဆွဲရန် လိုအပ်ကြောင်း ANPCC ညှိနှိုင်းရေးမှူး ဦးထွန်းဇော် မှပြောကြားသည်။

“မူဝါဒတစ်ခုရေးဆွဲရတာက ရခိုင်ပြည်အတွက်မရှိမဖြစ်လိုအပ်တယ်။  စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်ဖို့အတွက် မူဝါဒရေးဆွဲရာမှာ ကျနော်တော့ ရခိုင်ပြည်နယ်မှ အရပ်ဘက်အဖွဲ့အစည်း၊ပါတီ၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့စည်းတွေ စုပေါင်းပြီးရေးဆွဲနေကြတာပါ” ဟု ၎င်းမှထပ်မံပြောကြားခဲ့သည်။

ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC)အနေဖြင့် ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်သင့် ပါဝင်ထိုက်သော အမျိုးသားရေးအင်အားစုများအားလုံး ပါဝင်နိုင်စေရန်အတွက် တခြားသော ရခိုင်အမျိုးသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအသင်းအဖွဲ့များ၊ တသီးပုဂ္ဂလများ နှင့်လည်း ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲကို ULA နှင့် ALP တို့ တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...