ရခိုင်မှ စစ်ဘေးရှောင် ကျောင်းသူ၊ ကျောင်းသားများအား ဆက်လက် ပညာသင်ကြားရန်စီစဉ်

ရခိုင်မှ စစ်ဘေးရှောင် ကျောင်းသူ၊ ကျောင်းသားများအား ဆက်လက် ပညာသင်ကြားရန်စီစဉ်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ သင်းပုန်းတန်းကျေးရွာသို့ထွက်ပြေးလာကြသည့် စစ်ဘေးရှောင် ကျောင်းသူ၊ ကျောင်းသားများအား အဆိုပါကျေးရွာရှိ အခြေခံပညာကျောင်းတွင် ပညာသင်ကြားပေးနိုင်ရန် စီစဉ်နေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

စစ်ဘေးရှောင်များတွင် KG တန်းမှ ဆဋ္ဌမတန်းအထိ ကျောင်းသူ၊ ကျောင်းသား ၁၆ဝ ခန့်ပါဝင်ပြီး အဆိုပါကျောင်းသူ၊ ကျောင်းသားများအား သင်းပုန်းတန်းကျေးရွာအခြေခံပညာကျောင်းတွင် ပညာဆက်လက်သင်ကြားပေးနိုင်ရန် ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားခဲ့ကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။

“အခု မသင်ရသေးဘူး။ သူတို့ ဒီနေ့မှ ကျောင်းဆရာ၊ ဆရာမတွေရောက်ပြီးတော့ လက်ရှိ ကျောင်းအုပ်ကြီးနဲ့ ကျနော်တို့မှာ ရှိနေတဲ့ ကျောင်းအုပ်ကြီးနဲ့ တွေ့ဆုံပြီးတော့ မြို့နယ်ပညာရေးမှူးလည်း ရောက်မယ်လို့ ပြောပါတယ်။ ကျောင်းပြန်ပြီး ဆက်တက်ဖို့အတွက်ကျတော့ တစ်ရက်နှစ်ရက်လောက် အချိန်ယူရဦးမယ်လို့ ထင်ပါတယ်”ဟု သင်းပုန်းတန်းကျေးရွာစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးလှမောင်သိန်းက နိရဉ္စရာသို့ပြောသည်။

စစ်ဘေးရှောင်ကျောင်းသူ၊ ကျောင်းသားဦးရေများပြားမှုကြောင့် အဆိုပါကျေးရွာရှိ စာသင်ကျောင်းတွင် မဆံ့ပါက သီခြားအဆောင်တစ်ခုခုသော်လည်းကောင်း၊ ဘုန်းကြီးကျောင်းတွင်လည်းကောင်း စီစဉ်ပေးသွားမည်ဟုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

Victims

“ကျောင်းဆောင်က လူများလို့ သူတို့မှာ သက်သက် ကျောင်းဆောင်တစ်ဆောင် ဘုန်းကြီးကျောင်းမှာဖြစ်ဖြစ်၊ အဆောင်တစ်ဆောင်မှာဖြစ်ဖြစ် ထားမယ်။ ဆိုတော့ ဖက်ဝန်းချောင်းနဲ့ သဗြုချောင်းက ကျောင်းသား တွေကိုတော့ အခုလက်ရှိ ကျောင်းမှာပဲ ဝင်ထားလိုက်ပါပြီ။ အဲဒီမှာ ပြခိုင်းလိုက်ပါပြီ”ဟု သင်းပုန်းတန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက နိရဉ္စရာသို့ ပြောသည်။

လက်ရှိတွင် အဆိုပါကျောင်းသူ၊ ကျောင်းသားများ၌ စာရေးကိရိယာများ၊ ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများ အရေးပေါ်လိုအပ်လျက်ရှိကြောင်းလည်း သိရသည်။

“တိုက်ပွဲဖြစ်တယ်ဆိုရင်တော့ ကျောင်းသားလို့ မဟုတ်ဘူး။ တိုက်ပွဲဆိုတာ အားလုံးအတွက် ထိခိုက်နစ်နာတာဖြစ်တယ်။ အဲဒီအထဲမှာ ပိုပြီးထိခိုက်နစ်နာတာက အနာဂတ်ကြယ်ပွင့်လေးတွေဖြစ်တဲ့၊ အနာဂတ်အတွက်၊ နိုင်ငံအတွက် ထွန်းလင်းလာမယ့် ကျောင်းသားလေးတွေ ပညာသင်ခွင့်ဆုံးရှုံးတာက နိုင်ငံအတွက် ထိခိုက်နစ်နာတယ်လို့ ထင်တယ်”ဟု ပြီးခဲ့သည့်ရက်ပိုင်းက စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေးပြုလုပ်ပေးခဲ့သူ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးက မှတ်ချက်ပြုသည်။

ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် ရက္ခိုင့်တပ်မတော်(AA)နှင့် မြန်မာ့တပ်မတော်တို့သည် ဒီဇင်ဘာလအစောပိုင်းမှ ယခုအချိန်ထိ တိုက်ပွဲများအပြန်အလှန်ဖြစ်ပွားနေခြင်းဖြစ်သည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...