တိုက်ပွဲဆက်ဖြစ်ပွားနေသဖြင့် ရွာသား ၃၀၀ နီးပါးထပ်မံထွက်ပြေး

တိုက်ပွဲဆက်ဖြစ်ပွားနေသဖြင့် ရွာသား ၃၀၀ နီးပါးထပ်မံထွက်ပြေး
များမကြာမီက ဘူးသီးတောင်မြို့နယ် စည်တောင်သို့ ထွက်ပြေးလာကြရသည့် လသားကလေးများနှင့် မိခင်များ
များမကြာမီက ဘူးသီးတောင်မြို့နယ် စည်တောင်သို့ ထွက်ပြေးလာကြရသည့် လသားကလေးများနှင့် မိခင်များ

မြန်မာတပ်တော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသဖြင့် လုံခြုံမဲ့နေသော ပုဏ္ဏားကျွန်း မြို့ ကျောက်ဆည်တောင်၊ မောင်နှမ၊ သပြုချောင်းကျေးရွာမှ ရွာသား ၂၉၀ သည် သူတို့၏ ရွာကို စွန့်ခွာပြီး ပို၍ လုံခြုံရေးကောင်းရာ အထက်သင်ပုန်းတန်းကျေးရွာသို့ ထွက်ပြေးလာကြသည်ဟု သတင်းရရှိသည်။

ကျောက်ဆည်တောင်ကျေးရွာမှ ရွာခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှမောင်သိန်းက “ ကျောက်ဆည်တောင် တစ်ရွာတည်းက ထွက်ပြေးလာတာ လူပေါင်း ၂၃၄ ယောက်ဖြစ်ပါတယ်။ အမျိုးသမီးက ၁၁၂ ယောက်နဲ့ အမျိုးသားက ၁၂၂ ဦးဖြစ်ပါတယ်”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

မောင်နှမကျေးရွာနှင့် သပြုချောင်းကျေးရွာကထွက်ပြေးလာသူမှာ ၅၆ ယောက်ဖြစ်ကြောင်း၊ စုစုပေါင်း ၂၉၀ ယောက်ဖြစ်ကြောင်း၊ သူတို့ကို အထက်သင်ပုန်းတန်းရွာတွင် အုပ်ချုပ်ရေးမှူးက နေရာချထားပေးကြောင်း ၎င်းက ပြောကြားသည်။

“ ကျွန်တော်တို့ရွာနားက ၂ မိုင်လောက်မှာ စနေချောင်းဆိုတာ ရှိပါတယ်။ အဲဒီမှာ အေအေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲ ဖြစ်ပါတယ်။ ဒါ့ပြင် ကျွန်တော်တို့ရွာအထက် ပုဏ္ဏားကျွန်း မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ် အစပ်မှာလည်း တိုက်ပွဲ နှစ်ကြိမ် သုံးကြိမ် ဖြစ်ပါတယ်။ လက်နက်ကြီးသံတွေလည်း ကြားနေရတော့ ကျွန်တော်တို့ ကြောက်လန့်ပြီး ထွက်ပြေးလာကြပါတယ်။ ဒါ့ပြင် ကျွန်တော်တို့ ရွာသားတွေက အထက်ကိုလည်း ဆင်းလို့ မရ၊ အောက်ကိုလည်း ဆင်းလို့မရ၊ အဲသလို ဆက်သွယ်ရေးလည်း ပြတ်တောက်ကုန်ပါတယ်။ အခက်အခဲတွေ တွေ့လာတာတွေလည်း ပါဝင်ပါတယ်” ဟု ဦးလှမောင်သိန်းက ပြောသည်။

၎င်းဒေသတွင် ဒေသခံများမှာ တောင်တောင်များကို အမှီပြု လုပ်စားကြသူများဖြစ်ကြပြီး တိုက်ပွဲများ ဖြစ်ပွားပြီးနောက် တောတောင်ထဲကို ဝင်ရောက်လုပ်ကိုင် စားသောက်၍ မရတော့သဖြင့် စားဝတ်နေရေးလည်း အခက်အခဲ ဖြစ်လာကြသည်ဟု သိရသည်။

ဒီဇင်ဘာ ၁၄ရက်နေ့ နံနက်ကလည်း သြရမတောင်တန်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

Most read this week

စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...