သီးနှံအခြောက်ခံစက် တနိုင်ငံလုံးတွင် ကယားပြည်နယ်တွင်သာတခုတည်းထုတ်လုပ်

သီးနှံအခြောက်ခံစက် တနိုင်ငံလုံးတွင် ကယားပြည်နယ်တွင်သာတခုတည်းထုတ်လုပ်

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ စက်မှုဇုံတွင် ထားရှိသည့် သီးနှံအခြောက်ခံစက် မြန်မာတနိုင်ငံလုံးတွင် တခုတည်းထုတ်လုပ်နေခြင်းဖြစ်သည်ဟု မြန်မာ တိုးတတ်အောင် ကုမ္ပဏီလီမိတက်မှ အဖွဲ့ဝင် ဦးခင်မောင်မြင့်က ပြောသည်။

“တစ်ဦးတည်းထုတ်နေတာပါ ကျနော်တို့ကိုစက်မှုဝန်ကြီးဌာနဝန်ကြီးက ကျနော်တို့ကိုရန်ကုန်မှာစုပြီးလုပ်ဖို့လည်းပြောပါတယ် ကျနော်တို့က ကယားပြည်နယ်မှာထုတ်ချင်လို့ထုတ်တာပါ ကျနော်တို့ ကယားပြည်နယ်ကထွက်တဲ့ပစ္စည်းဖြစ်စေချင်ပါတယ် ဒါကြောင့်ကယားပြည်နယ်မှာထုတ်တာပါ။” ဟု ဦးခင်မောင်မြင့်က ပြောသည်။

ဒေသတွင်းထွက်ရှိသည့် ပြောင်း၊ စပါး၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများကို အခြောက်ခံစက်တွင် ဆောင်ရွက်ပြီး သိုလှောင်သိမ်းဆည်းနိုင်ကြောင်း ဒီဇင်ဘာ ၇ ရက်နေ့က စက်မှုဇုံတွင် သီးနှံ အခြောက်ခံစက်အသုံးပြုပုံနည်းစနစ်များ ချပြရှင်းလင်းသည့်အခမ်းအနားတွင်ပြောသွားခြင်းဖြစ်သည်။

ဒေသတွင်းရှိတောင်သူများ၏ ထွက်ကုန်သီးနှံကုန်ကြမ်းအမျိုးမျိုးအတွက် ဈေးကွက်ကောင်းရရှိရန် သိုလှောင်ထားနိုင်သည့် အခြောက်ခံစက်ဖြစ်သည်ဟု စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမျိုးခန့်က ပြောသည်။

“စိုက်ဧကတက်ဖို့အတွက်ဆိုရင်အဓိကလိုအပ်နေတာကတော့ဈေးကွက်ပေါ့နော် အဲ့ဈေးကွက်ကိုထပ်ပြီးတော့ သိုလှောင်တဲ့စနစ်တွေကလည်းဈေးကွက်ကိုအများကြီးအထောက်အပံ့ပေးပါတယ် ” ဟု ၎င်းက ပြောသည်။

အခြောက်ခံစက်ရှိခြင်းသည် စပါးသီးနှံထွက်ရှိချိန်တွင် ဈေးတက်ပြီး အထွက်ပေါလာသည့်အချိန်တွင် ဈေးပြန်ကျသွားခြင်းစသည့် ဈေးကွက်အပြောင်းအလဲများကြောင့် အရေအသွေးကောင်းကောင်းဖြင့် ထိန်းသိမ်းထားနိုင်မှသာလျှင် လိုချင်သည့်ဈေးကွက်ခေါ်နိုင်မည်ဖြစ်သည်ဟု သိရသည်။

ထိုသို့ ဈေးကျနေချိန်တွင် ပြည်တွင်းရှိဒေသထွက်ကုန်များကို အခြောက်ခံစက်ဖြင့် သိုလှောင်ထားနိုင်သည့် နည်းပညာများရှိလာပြီဖြစ်သည့်အတွက် ဈေးကွက်ပြန်လည်ရရှိနိုင်ရန် ပြောင်းစိုက်တောင်သူများနှင့် ချိတ်ဆက်က ဆောင်ရွက်သွားမည်ဟု မြန်မာ တိုးတတ်အောင် ကုမ္ပဏီလီမိတက်မှ အဖွဲ့ဝင် ဦးခင်မောင်မြင့်ကဆက် ပြောသည်။

” ကျနော်တို့ပေါင်းစပ်ပြီးတော့ ကျနော်တို့ အခြောက်ခံတာကောသိုလှောင်နည်းစနစ်တွေကောပညာပေးပြီးတော့ ဈေးကွက်ဖော်အောင် ကျနော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဦးခင်မောင်မြင့်က ပြောသည်။

၂၀၁၈ခုနှစ်မှာ ပြောင်းစထွက်ချိန်စက်တင်ဘာလအတွင်းတွင် အနှိပ်ဆုံးဈေးမှာ (၅၀၀)ဖြစ်ပြီးတော့ အမြင်ဆုံးဈေးကတော့(၅၆၀)ဘဲဖြစ်ကြောင်း၊ အောက်တိုဘာလတွင်းတွင် အနှိမ့်ဆုံးဈေးက(၄၇၀)ဖြစ်ပြီး အမြင့်ဆုံးဈေးမျာ (၅၈၀)ဖြစ်ကြောင်း၊ ယခု ဒီဇင်ဘာလအတွင်းမှာမူ (၃၈၀)အနှိမ့်ဆုံးဈေးဖြစ်ပြိး (၃၉၀)နဲ့အမြင့်ဆုံးဖြင့် တဖြည်းဖြည်းဈေးကျလာခြင်းသည် ရန်ကုန်၊ မန္တလေးရှိပြောင်းပွဲစားများ၏ ဈေးကွက်ကစားနေခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ အခြောက်ခံစက်ဖြင့် သိုလှောင်ထားနိုင်ရန် နည်းပညာများမဖြစ်မနေတောင်သူများ သိရှိနားလည်ရန်လိုအပ်သည်ဟု သိရသည်။

တစ်ပိဿလျှင် အရမ်းစိုထိုင်းနေပါက ၃၀ကျပ်ဖြင့် သီးနှံအခြောက်ခံပေး လျက်ရှိသည်ဟု သိရသည်။    

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...