အစိုးရ တရားရုံးမှ လူငယ်ခေါင်းဆောင် ၃ဦးအား ထောင်ချခြင်းပေါ် ကချင်လူထု ဆန္ဒပြ

အစိုးရ တရားရုံးမှ လူငယ်ခေါင်းဆောင် ၃ဦးအား ထောင်ချခြင်းပေါ် ကချင်လူထု ဆန္ဒပြ

တိုက်ပွဲကြား ပိတ်မိနေသော ကချင်စစ်ပြေးဒုက္ခသည်တွေ လွတ်မြောက်ရေး ဆန္ဒပြခေါင်းဆောင် ၃ ဦးကို မြစ်ကြီးနား မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လစီ နှင့် ငွေဒဏ် ၅ သိန်းစီ ချမှတ်လိုက်သည့်အပေါ် တရားစီရင်ရေးကို ရှုံချသော လူထု ဆန္ဒပြပွဲ ယမန်နေ့ (ဒီဇင်ဘာ ၁၁ ရက်နေက) မြစ်ကြီးနားမြို့တွင် ပြုလုပ်နေပါသည်။

လွန်ခဲ့သည့် မေလ ဆန္ဒပြရာမှ ဦးဆောင်သူ ၃ ဦးဖြစ်သော ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်းနှင့် ဒေါ်နန်ပူ တို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးမှ တရားလိုအဖြစ် ဦးတိုက်လျှောက်ထားခဲ့ပြီး ဒီဇင်ဘာ ၇ ရက်နေ့ အမိန့်ချမှတ်လိုက်ပါသည်။

"ဦးဇော်ဂျတ်၊ ဒေါ်နန်ပူ၊ ဦးလွမ်းဇောင်း ထောင်ဒဏ်နဲ့ငွေဒဏ်ချမှတ်တာဟာ အရမ်းပြင်းထန် လွန်းတယ်။ လူထုအကျိုးအတွက် တက်ကြွလှုပ်ရှားသူတွေကို နောက်တစ်ခါ ဘာမှ မလုပ်ရဲအောင် သတိပေးတာ ဖြစ်တယ်လို့ မြင်တယ်။ ဒါကို လုံးဝ လက်မခံဘူး။ လုံးဝ ကန့်ကွက်တယ်။ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး။ အမှန်တရားပေါ် ကျနော်တို့ ကချင်တွေ အမြဲတမ်း ရပ်တည်နေတယ်ဆိုတာ ကမ္ဘာသိအောင်၊ မြန်မာအစိုးရ၊ စစ်တပ် အားလုံး သိအောင် အခုလို ဆန္ဒဖော်ထုတ်တာဖြစ်တယ်” ဟု ဦးဆောင်သူ တစ်ဦး N’wat Naw Awng ပြောပါသည်။

တရားလိုနှင့်တကွ ၎င်း၏ သက်သေများမှ ယခုအမှု ကိစ္စနှင့် ပတ်သက်ပြီး ခိုင်လုံသော အကြာင်းပြချက်များကို ပြသ ပြောဆိုနိုင်ခြင်း မရှိသော်လည်း မြို့နယ် တရားရုံးမှ ပြင်းထန်သော စီရင်ချက် ချမှတ်ခြင်းမှာ မတရားမှု ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူများကို ပြောပါသည်။

ထို့ကြောင့် ဆန္ဒပြသူများက “မြစ်ကြီးနားမြို့နယ်တရားရုံးအား ပြင်းထန်စွာ ရှုံချရေး၊ တရားမျှတမှု မရှိဘဲ ထောင်ချခံရသော ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်၊ ဒေါ်နန်ပူ တို့ အား ခြွင်းချက်မရှိ အမြန်လွှတ်ပေးရေး၊ လူ့အခွင့်အရေးချိုးဖောက်သူများအား ထိရောက်စွာ အရေးယူပေးရေး၊ အမှန်တရားဘက် ရပ်တည်မှု မရှိသော တရားသူကြီးအလိုမရှိ၊ လွတ်လပ်ပြီး မျှတသော တရားစီရင်ရေး အမြန်ဆုံး ဖော်ဆောင်ရေး” ဟူသော ကြွေးကြာ်သံများ အသုံးပြုခဲ့ပါသည်။

“တနိုင်း အောင်လောဒ့်ဘက်က ပိတ်မိပြည်သူ လွတ်မြောက်ရေး ကြိုးစားခဲ့သူတွေကို ထောင်ချတယ်ဆိုတော့ ဒါ မခံမရပ်နိုင်လို့ ဒီနေ့ ဆန္ဒပြပွဲမှာ လာရောက်ပါဝင်တာ” ဟုလည်း မိုင်းနား စစ်ရှောင်စခန်းမှ ဘွေလပ်ဒေမီ က ပြောပါသည်။

မတရားသဖြင့် ထောင်ချခံရသော ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ် နှင့် ဒေါ်နန်ပူ တို့ ၃ ဦးကို အမြန်ဆုံး လွတ်ပေးရေး နှင့် တရားမျှတမှုကို ဖော်ဆောင်ပေးရေး ဆန္ဒဖော်ထုတ်မှု ဖြစ်မြောက်ရေး ကော်မတီက ထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။

ထို့အပြင် ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ခဲ့တဲ့ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ Rev. Dr. Hkalam Samson ကလည်း “မတရားမှုကို မကြိုက်ဘူး။ တရားမျှတမှုကိုမြတ်နိုးရာမှ စိတ်သဘောတူညီတယ်ဆိုတဲ့ သဘောဖြစ်တယ်။ ဘာကြောင့်ဆိုတော့ ဒီခေါင်းဆောင် ၃ ဦးကို ထောင်ချတာဟာ ဒီပုဒ်မ ၅၀၀ ဟာ အောက်ပြည်မှာလည်း ရှိတယ်။ ဒါပေမယ့် ငွေဒဏ်နဲ့ပဲ ပြီးသွားတယ်။ ဒါကြောင့် ဒီနေ့ ကမ္ဘာအရပ်ရပ်ရောက်နေတဲ့ သူတွေကလည်း မြန်မာပြည်ရဲ့ မတရားမှုတွေက လွတ်မြောက်အောင် ဆုတောင်းကူပါ။ ကူညီပေးပါလို့ ပြောချင်ပါတယ်။”

ယမန်နေ့က ဆန္ဒဖော်ထုတ်ပွဲမှာ မြစ်ကြီးနား၊ ဝိုင်းမော် ရှိ လူထု နှင့် စစ်ပြေးဒုက္ခသည်များ စုစုပေါင်း ၅၀၀၀ ကျော် ပါဝင်ခဲ့ပါသည်။

Most read this week

January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...