နိုင်ငံပိုင်မီဒီယာထဲတွင်ကြာ်ြငာထည့်မှသာ အမည်လွဲ အချက်အလက်လွဲများ တရားဝင်ဖြစ်မည်ဆိုသည့်အပေါ် အစိုးရတွင် မူမရှိ

နိုင်ငံပိုင်မီဒီယာထဲတွင်ကြာ်ြငာထည့်မှသာ အမည်လွဲ အချက်အလက်လွဲများ တရားဝင်ဖြစ်မည်ဆိုသည့်အပေါ် အစိုးရတွင် မူမရှိ

အစိုးရဌာနဆိုင်ရာနှင့် ကျောင်းများတွင် အမည်ပြောင်း၊ အချက်အလက်ကွဲလွဲသည့် အခြေအနေများနှင့် ပါတ်သက်ပြီး လူသိရှင်ကြား ကြော်ငြာရန်လိုအပ်သည့်အပေါ် နိုင်ငံပိုင်မီဒီယာ မြန်မာ့အလင်းနှင့် ကြေးမုံတွင် ကြော်ငြာထည့်မှသာ တရားဝင်မည်ဆိုသည့် မူနှင့် ကန့်သတ်ချက်များ အစိုးရတွင် မရှိကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းက ပြောသည်။

နေပြည်တော်၊ Parkroyal Hotel တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပပြုလုပ်သော သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးရေးတိုးတက်ရေး ညီလာခံအပြီး တည့်ခင်းဧည့်ခံသည့် ညစာစားပွဲတွင် ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းက အစိုးရတွင် ၎င်းကဲ့သို့ မူနှင့်ကန့်သတ်ချက်များ မရှိကြောင်း ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

မီဒီယာညီလာခံတွင် ဒီဂျီတယ်ကူးပြောင်းသည့် အခင်းအကျင်းတွင် ပြည်တွင်းမီဒီယာများ ရှင်သန်ရပ်တည်ရေးနှင့် ရေရှည်တည့်တံ့ရေး ဆိုသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြရာ ကျောင်းနှင့် ဌာနဆိုင်ရာများတွင် အမည်ပြောင်း၊ အချက်အလက် လွဲမှားမှုများ ပြန်လည်ပြင်ဆင်ရာတွင် လူသိရှင်ကြား ကြော်ငြာရန် လိုအပ်သည့်အပေါ် မိမိတို့ ဒေသဂျာနယ်များတွင် ကြော်ငြာထည့်သွင်းပါက တရားမဝင်ကြောင်း၊ နိုင်ငံပိုင်မီဒီယာများတွင် ထည့်သွင်းမှတရားဝင်မည် ဆိုသည့် အခြေအနေများ ရင်ဆိုင်နေရကြောင်း ဒေသမီဒီယာများမှ တင်ပြဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဒေသအခြေစိုက်မီဒီယာများဖြစ်သည့် ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီးဌာနမှ တရားဝင် အသိအမှတ်ပြုလက်မှတ်ဖြင့် ထုတ်ဝေဖြန့်ချိသော်လည်း ၎င်းကဲ့သို့ တရားမဝင်ကြောင်းဆိုသည့် အခြေအနေများကြောင့် လူထု စာဖတ်ပရိတ်သတ်များ၏ ယုံကြည်မှု၊ သတင်းပေးခြင်း၊ ပြန်လည်ဖြေကြားမှုများအထိ ထိခိုက်မှုရှိကြောင်း တင်ပြဆွေးနွေးခဲ့သည်။

သတ္တမအကြိမ်မြောက် ညီလာခံကို နေပြည်တော်တွင် ကျင်းပြပြုလုပ်ခဲ့ပြီး ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီးနှင့် ဒုဝန်ကြီးအပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုများ၊ လွတ်တော်ကိုယ်စားလှယ်များ၊ INGO/ NGO/ CSO အသင်းအဖွဲ့များ၊ နိုင်ငံပိုင်မီဒီယာဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာမှ ဝန်ထမ်းများနှင့် ပုဂ္ဂလိကမီဒီယာအသီးသီးမှ သတင်းမီဒီယာသမားများ တက်ရောက်ခဲ့သည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိေကျာင်းများတွင်လည်း အမည်ပြောင်း ၊ အချက်အလက်ကွဲလွဲပါက တရားဝင်သတင်းစာထည်တွင်တွင်းပြီးမှသာလျှင် ပြောင်းလည်ပေးမည်ဟု ပြောဆိုထားကြသည့်အတွက် အမည်ပြောင်း ၊ အချက်အလက်အမှန်ပြန်လိုချင်သည့် ကျောင်းသားမိဘများက သတင်းစာထဲများသို့ ထည့်သွင်းကြသူများလည်းရှိကြသည်။

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...