“ယံzရှီz့ခိးတz”အမည်ရှိ အနောက်ပိုးကရင် တေးစီးရီးသစ် ဒီဇင်ဘာလအတွင်း ထွက်ရှိမည်

“ယံzရှီz့ခိးတz”အမည်ရှိ အနောက်ပိုးကရင် တေးစီးရီးသစ် ဒီဇင်ဘာလအတွင်း ထွက်ရှိမည်

ကိုရီးယားနိုင်ငံရောက် အနောက်ပိုး ကရင်လူငယ်များ နှင့် ကရင်အနုပညာရှင်များ စုပေါင်း ဖန်တီးထားသည့် “ယံzရှီz့ခိးတz(စည်းလုံးညီညွတ်ြခင်း၏ အကျိုးကျေးဇူး)” အမည်ရှိ အနောက်ပိုးကရင်တေးစီးရီးသစ်တစ်ခုကို လာမည့် ဒီဇင်ဘာလ ၂၅ရက်နေ့တွင် ထွက် ရှိမည်ဖြစ်ကြောင်း သိရသည်။

ကရင်တေးစီးရီးလောကတွင် လူသိများသည့်အခြားသော စကောကရင်သီချင်း၊ အရှေ့ပိုးကရင်သီချင်းများထက် သီချင်းအခွေထွက်ရှိမှု နည်းပါးနေရာမှ နာမည်ကြီး အနောက်ပိုးအဆိုတော်များ၊ အတီးသမားများ၏ ပြန်လည် စုစည်း မှုဖြင့် “စည်းလုံးညီညွတ်ခြင်း၏ အကျိုးကျေးဇူး”ဟု အဓိပ္ပါယ်ရသည့် “ယံzရှီz့ခိးတz ” အမည်ရှိအနောက်ပိုးကရင်သီချင်းေခွတစ်ခုပြန်လည် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

တေးရေး/ဆို စစံမင်းက“အနောက်ပိုးကရင်စာပေ အကျိုးပြုလူငယ်အဖွဲ့ကို စုပေါင်းပြီး လုပ်လာကြတာ ၅နှစ်ရှိပြီ ဖြစ်တဲ့အတွက် အမှတ်တရ အနေနဲ့ ဒီအခွေ ထုတ်ဖြစ်တာပေါ့နော်။ ကိုရီးယားရောက် ကရင်လူငယ်အဖွဲ့က ငွေကြေး ထောက်ပံ့ပေးတယ်။ သူတို့ ဒီလိုလုပ်ပေးတော့နာမည်ကြီး အဆိုတော်တွေ၊ နာမည်ကြီး အတီးသမားတွေကို ပြန်ပြီးတော့ စုစည်းလာနိုင်တယ်”ဟု ပြောသည်။

“ ယံzရှီz့ခိးတz ” အမည်ပေးထားသည့်အဆိုပါ တေးစီးရီးတွင် တေးသီချင်း (၁၅)ပုဒ်ပါဝင်ပြီး အမျိုးသားရေး စိတ်ဓာတ် နိုးကြားစေမည့်သီချင်းများ၊ အချစ်သီချင်းများအပြင် ရိုးရာဓလေ့ကိုဖော်ကျုးထားသော ကောက်စိုက် သီချင်း တစ်ပုဒ်လည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယခုထွက်ရှိမည့် တေးစီးရီးအသစ်တွင် နာမည်ကြီး အနောက်ပိုးကရင် တေးရေး၊ တေးဆိုများ ဖြစ်ကြသော စဝေလျံကျော်၊ စမြတ်စိုး၊ စအောင်ကိုဝင်း၊ စစံမင်း ၊ ရက်စိုး၊ S ဖန်း၊ စလုကာ၊ စင်းဒင်းဘယ်၊ ဆရာဂျွန်ကလင်း၊ ဆရာထီလုပ်ဟီ၊ နမ့်ဖွေး၊ နမ့်ခရစ္စတိုဖာဝင်း၊ နမ့်ဆဲပွဲထူး၊ နမ့်ခင်နန်းမူ နှင့် နန့်မြမြဝင်းတို့က ပါဝင် သီဆိုထားခြင်း ဖြစ်သည်။

“ ယံzရှီz့ခိးတz”တေးစီးရီး Live Show ကို ယမန်နေ့ (ဒီဇင်ဘာလ ၄ရက်)က ရိုက်ကူးတည်းဖြတ် မှုများပြု လုပ် ခဲ့ကြပြီး တဆက်တည်း အနောက်ပိုး အတီးသမားများဖြင့်စုစည်းထားသည့်” 121″ အမည်ရှိ Band တစ်ခု ကိုလည်း ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...