မြစ်ကြီးနား ပမ္မတီး စစ်ရှောင်များ အအေးဒဏ်ကို ဆိုးရွားစွာ ခံစားနေရ

မြစ်ကြီးနား ပမ္မတီး စစ်ရှောင်များ အအေးဒဏ်ကို ဆိုးရွားစွာ ခံစားနေရ

မြစ်ကြီးနားမြို့ ပမ္မတီးနယ်မြေ(၅) စစ်ရှောင်စခန်းမှာ မိုးကာတဲဖြင့်သာဆောက်ပြီး နေထိုင်သောကြောင့် စစ်ရှောင်များ အအေးဒဏ်ကို ဆိုးရွားစွာခံစားနေရပါသည်။

ယခုနှစ် ဆောင်းရာသီ မြစ်ကြီးနားမြို့အတွင်း အပူချိန် အနိမ့်ဆုံး Celsius ၁၅ ဒီဂရီထိ ရှိပါသည်။

စစ်ရှောင်မိသားစုများမှာ ၎င်းနေရာတွင် ၃လကျော်ခန့်နေထိုင်လာသော်လည်း လာရောက် ထောက်ပံ့သည့် အဖွဲ့အစည်းများမှာအလွန်နည်းပါးပြီး စားဝတ်နေရေးအတွက်လည်း အလွန်ခက်ခဲ သည့်အပြင် အအေးဒဏ်ကိုပါ ကြုံတွေ့နေရကြောင်း စစ်ရှောင်တာဝန်ခံ ဦးအားဖီက ကချင်သတင်းဌာန KNG ယခုလို ပြောဆိုသည်။

“ကျနော်တို့ဒီကိုရောက်လာ ၃လကျော်ရှိလာပြီ။ အခုဖြစ်နေတဲ့ပြဿနာ က ဆောင်းတွင်းဆိုတော့ အရမ်းအေးတယ်။ တဲကမိုးကာတဲဆိုတော့ မြင်တဲ့အတိုင်းဘဲ။ ကာတဲ့မိုးကာကမလောက်တော့ လုံလုံခြုံခြုံကာလို့မရဘူး။ မနက်ပိုင်းဆိုရင် နှင်းတွေစိမ့်ပြီးအရမ်းအေးတယ်။ အဓိကတော့ ကလေးတွေ၊ အသက်ကြီးတဲ့သူတွေအတွက် ကျန်းမာရေးအတွက်အလွန်စိုးရိမ်ရတယ်လို့။”

စစ်ရှောင်များက လုံခြုံသည့်နေရာတွင်နေရာချပေးရန်နှင့်စားဝတ်နေရေး အခက်အခဲ အဆင်မပြေမှုများကို ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ယခုနှစ် စက်တင်ဘာလ ၂၀ရက်နေ့တွင် တစ်ကြိမ်၊ အောက်တိုဘာလ ၉ရက်နေ့တွင် တစ်ကြိမ် နှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို တင်ပြတောင်း ဆိုခဲ့သော်လည်း ယခုချိန်ထိတရားဝင် စစ်ရှောင်စခန်းအဖြစ်သတ်မှတ် ပေးခြင်းမရှိကြောင်း သူက ဆက်ဆိုသည်။

ထိုစခန်းတွင် များသောအားဖြင့် လီဆူတိုင်းရင်းသားများသာဖြစ်ပြီး စစ်ရှောင် စုစုပေါင်း ၁၅၆ဦး ခန့်ရှိသည်။

အဆိုပါစစ်ရှောင်များသည် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ AG ခရစ်ယာန် ဘုရားကျောင်းဝင်းတွင် ၄လခန့် ခိုလှုံခဲ့သော Kasung (ကဆုန့်)စစ်ပြေးမိသားစုများဖြစ်ပြီး ၎င်းစခန်းနေရာတွင် မကြာခဏ ရေလွှမ်းမိုးမှု ခံရသောကြောင့် မြစ်ကြီးနားမြို့ ပမ္မတီး နယ်မြေ(၅)ကို ရွှေ့ပြောင်းလာခဲ့ခြင်းဖြစ်သည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...