ထိုင်းနိုင်ငံ မြောက်ပိုင်း ကချင်ရွာတွင် မနောပွဲတော် စတင် ကျင်းပ

ထိုင်းနိုင်ငံ မြောက်ပိုင်း ကချင်ရွာတွင် မနောပွဲတော် စတင် ကျင်းပ
ထိုင်းနိုင်ငံ မြောက်ပိုင်း Ban Mai Samahki ကချင်ကျေးရွာတွင် လေးရက်ကြာ ကချင်ရိုးရာ မနောပွဲတော် ‘Sut Ring Ningja’ ကို ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့က စတင်ကျင်းပ ပါသည်။
 
ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဌ Duwa Bawmwang La Raw မှ ၇ ကြိမ်မြောက် မနော ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်ပေးပါသည်။
 
ကွယ်လွန်သူ ထိုင်းဘုရင်ကြီး ရာမ ၉ ဘူမိဘောအဒူရာဒဏ် ကို ဝမ်းနည်းသည့် အထိမ်းအမှတ်အဖြစ် ယမန်နှစ် ၂၀၁၇ တွင် မနောပွဲတော်ပြုလုပ်ခြင်းကို ရပ်နားခဲ့ပြီး ယခုနှစ် ထပ်မံ ပြုလုပ်ခြင်းဖြစ်သည်။
 
ယခုနှစ် မနောပွဲတော်ကို ထိုင်းဘုရင်အသစ် ရာမ ၁၀ အားကြိုဆိုခြင်းအားဖြင့်လည်း ထိုင်းဘုရင် ရာမ ၉ တည်ထောင်ပေးသော Chiang Dao မြို့နယ် ကချင်ကျေးရွာတွင် မနောပွဲတော် စီစဉ်ကျင်းပခြင်းဖြစ်သည်။
 
“ရာမ ၉ ထိုင်းဘုရင်ကို ဝမ်းနည်းခြင်းအပြင် ရာမ ၁၀ ကိုကြိုဆိုတဲ့အစီစဉ်တွေလည်း ပါတယ်။ အရင်နှစ်တွေထက် ဒီနှစ် လူပိုများမယ်။ တရုတ်၊ မြန်မာပြည် ဘက်က ကချင်အဖွဲ့အစည်းတွေ အများစုလည်း ပါဝင်မယ်” ဟု Sut Ring Ningja မနောပွဲ ဖြစ်မြောက်ရေး ဒုဥက္ကဌ ဦးခေါင်ဟောင်း ပြောပါသည်။
 
မနောအက ကခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံတဝန်း နှင့် မြန်မာ၊ တရုတ်က ကချင်ဧည့်သည် ၃၀၀ ကျော် လာရောက်ပါဝင်နေသည်ဟု သိရပါသည်။
 
ကမ္ဘာအနှံရောက်ရှိနေကြသော ကချင်ပြည်သူများ ပြန်လည်ဆုံစည်းနိုင်သည့် ပွဲ ဖြစ်စေရန် ရည်ရွယ်ပြီး မိခင် ကချင်ပြည်နယ်တွင် တိုက်ပွဲ ဒဏ်ခံနေရသည့်ကြား ယခုလိုမနောပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဦးခေါင်ဟောင်း ပြောပါသည်။
 
မနောပွဲတော်များကို ကချင်အမျိုးသားများ နေထိုင်သည့် တရုတ် နှင့် အိန္ဒိယ နိုင်ငံများတွင် နှစ်စဉ် ဆင်နွဲနေသော်လည်း မြန်မာနိုင်ငံ ကချင်ဒေသများတွင် ၂၀၁၁ ခုနှစ် တကျော့ပြန် တိုက်ပွဲ ဖြစ်လာခြင်းကြောင့် ယခုချိန်ထိ မနောပွဲတော် ကျင်းပခြင်းကို ရပ်နားထားပါသည်။
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...