ဘိန်းခင်းဖျက်ဆီးခံရသော်လည်း စားဝတ်နေရေးအတွက် နောင်နှစ်ထပ်မံစိုက်မည်

ဘိန်းခင်းဖျက်ဆီးခံရသော်လည်း စားဝတ်နေရေးအတွက် နောင်နှစ်ထပ်မံစိုက်မည်

ဘိန်းခင်းများကို လာရောက်ဖျက်ဆီးသော်လည်း စားဝတ်နေရေးအတွက် နောင်နှစ်များတွင်ဆက်လက်စိုကိပျိုးသွားမည်ဖြစ်ကြောင်း ဘိန်းခင်းဖျက်ဆီးခံလိုက်ရသူ တောင်သူဦးအေဆေးဘီယိုကပာသည်။

“သူတို့ဖျက်လိုက်လည်းမတတ်နိူင်ဘူးလေ ဦးတို့ကေတာ့ နောက်နှစ်လည်း ဆက်လုပ်အုံးမှာပဲ” ဟု၎င်းကဆိုသည်။

နိုဝင်ဘာ၇ ရက်နေ့ မနက်ပိုင်းတွင် တာဝန်ရှိရဲများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းပြီး ဒေါရောက်ခူအုပ်စု ဒါရောက်ခူရွာ၏ အနောက်ဘက်ရှိ ဘိန်းခင်းများကို  သွားရောက်ဖျက်ဆီးခဲ့သည်။

၎င်းတို့ကျေးရွာ၏ မဆီလွှာသည် အျခားသီးနှံများစိုက်ပျိုးကာ မအောင်မြင်သောကြောင့်ဘိန်းကိုသာ စိုက်ပျိုးနေကြရကြောင်း ၎င်းကဆက်ပြောသည်။

အစိုးရဘက္မွအစားထိုးသီးနှံလာရောက် ချပေးပါက ပောင်းလဲစိုက်ပျိုးမည်ဖြစ်ပြီး လာရောက်ချပေးရန်လက်ကမ်းကြိုဆိုကြောင်းနှင့် နည်းစနစ်များပါ တစ်ပါတည်းပြပေးလျှင် တောင်သူများအတွက်အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ဒေါရောက်ခူကျေးရွာအုပ်စုသည် လမ်းပမ်းဆက်သွယ်ရေးမကောင်းသောကြောင့် တျခားသီးနှံများစိုက်ပျိုးပါက လိြုင်ကော် ဒီမော့ဆို အထိသွားရောက် ရောင်းချရခြင်းဖြစ်သည်။

ထိုသို့ သွားရောက်ရောင်းချပါက ကုန်တင် ကုန်ချ အခ များ သယ်ယူပို့ဆောင်ခ များနှင့် ပြန်တွက်ပါက အမြတ်မကျန်ကြောင်းနှင့် ဘိန်းစိုက်ပါက ဘိန်းသည် ခြံအထိ လာဝယ်နေသောသူများရှိ၍ ပိုအဆင်ပြေကြောင်း ဒသခံ တစ်ဦးကပြောသည်။

၎င်းတို့အုပ်စုသည် ဒါရောက်ခူကျေးရွာအသိသာ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ပြီး အခြားကျေးရွာများမှာ ဆက်သွယ်ရေးအဆင်မပြေပါ။ မိုးရာသီတွင် သွားလာရပိုဆိုးသည်။

“ကျွန်တော်တို့ရွာမှာဆိုရင် လမ်းကောင်းသေးတယ် ဒါပေမဲ့ အုပ်စုထဲကရွာတွေဆို တော်တော်ဆိုးတယ် မိုးရာသီအချိန်ဆို ပိုခက်ခဲတယ်လေ” ဟု အုပ်စုအုပ်ချုပ်ရေးမှူးကဆိုသည်။

တောင်ပေါ်ဒေသတွင်ရှိသောကြောင့် သာက်သုံးရန်ရေလည်း အလွန်ခက်ခဲကြောင်းနှင့် ရာသီအချိန်တွင် သုံးရေအတွက် ပိုက်ဆံပေးပြီး ဝယ်ရေကြာင်းကိုလည်း ၎င်းကဆိုသည်။

ဒေါရောက်ခူအုပ်စုရှိ တောင်သူများသည် ဘိန်းစိုက်ပျိုးခြင်း၊ ဆန်စပါးစိုက်ပျိုးခြင်းတို့ဖြင့် အသက်မွေးဝမ်းကြောင်းပြုရသည်။ တာဝန်ရှိသူများ ဖျက်စီးလိုက်သောဘိန်းခင်းမှာ ၃ ဧကခန့်ရှိကြောင်းသိရသည်။

နိုဝင်ဘာလအတွင်း လိုဘာခိုအုပ်စု၊ ဆာင်ဒူကျေးရွာတွင် ၇ ဧကခန့်ဖ်က္ဆီးခဲ့ပြီး တစ်လအတွင်းတစ်နေရာ(၁၀)ဧကခန့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...