KNPP ဆက်ဆံရေးရုံးဝန်းအတွင်း ရောက်ရှိနေသည့်အမျိုးသားအလောင်းမှာ ဖယ်ခုံမြို့နေသူဖြစ်

KNPP ဆက်ဆံရေးရုံးဝန်းအတွင်း ရောက်ရှိနေသည့်အမျိုးသားအလောင်းမှာ ဖယ်ခုံမြို့နေသူဖြစ်

နိုဝင်ဘာလ ၁၄ရက်နေ့ လွိုင်ကော်မြို့ ကေအဲန်ပီပီဆက်ဆံရေးရုံးဝန်း ရေမြောင်းအတွင်း တွေ့ရှိရသည့် လူသေအလောင်းမှာ ဖယ်ခုံမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ရက်နေ့ ညနေပိုင်းတွင် လွိုင်ကော်မြို့နယ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဆက်ဆံရေးရုံးဝန်းအတွင်းရှိ ရေမြောင်းထဲတွင် အမျိုးသားလူသေအလောင်းတစ်လောင်း ရောက်ရှိနေသည်ကို ရုံးတွင်းနေသူများက တွေ့ရှိခဲ့ရသည်။

စစ်ဆေးချက်အရ သေဆုံးသူမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ ဘာလပလို့ကျေးရွာနေ နေမင်းဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

၎င်းသည် နိုဝင်ဘာလ ၉ရက်နေ့ညတွင် ၎င်း၏သူငယ်ချင်းများနှင့် အရက်အတူသောက်နေစဉ် အပေါ့သွားမည်ဟု ပြောဆိုကာ ပြန်မလာတော့ဘဲ ပျောက်ဆုံးသွားကြောင်း သိရှိရပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေးနိုင်ရန် လွိုင်ကော်မြို့နယ် ရဲစခန်းမှတာဝန်ရှိသူများက လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားခဲ့ကြောင်း လွိုင်ကော်မြို့နယ် မြို့မရဲစခန်းမှုခင်းမှတ်တမ်းအရ သိရသည်။

Most read this week

ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...
ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...