စစ်တွေ ရေချမ်းပြင်ဆိပ်ကမ်းတွင် စိတ်ကြွဆေးပြား ၆သိန်းကျော် ဖမ်းဆီးမိပြီးနောက် ကွင်းဆက်များကို ရဲကဖော်ထုတ်နေ

စစ်တွေ ရေချမ်းပြင်ဆိပ်ကမ်းတွင် စိတ်ကြွဆေးပြား ၆သိန်းကျော် ဖမ်းဆီးမိပြီးနောက် ကွင်းဆက်များကို ရဲကဖော်ထုတ်နေ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်က ဖမ်းမိခဲ့သည့် WY စိတ်ကြွရူးသွပ်ဆေးပြား ၆၂၀၀၀၀ ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်များကို ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း စစ်တွေမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

“အမှုနဲ့ပတ်သက်ပြီး ကွင်းဆက်တွေ၊ လာရာလမ်းကြောင်းတွေရှိမှာပေါ့။ ပစ္စည်းပိုင်ရှင်က ဘယ်သူလဲ၊ ပါဝင်ပတ်သက်သူတွေအနေနဲ့ ဘယ်သူတွေလဲ စသဖြင့်ပေါ့။ အဲ့ဒီနောက်ဆက်တွဲတွေကို စုံစမ်း ဖော်ထုတ်သွားဖို့ လုပ်ငန်းသဘောအရ ဆောင်ရွက်နေပါတယ်။ ကွင်းဆက်တွေကို ဖမ်းဆီးနိုင်အောင် ကြိုးစား ဆောင်ရွက်တဲ့အခါမှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့မှုတွေလည်း ရှိပါတယ်”ဟု အဆိုပါ ရဲအရာရှိက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

၎င်း မူးယစ်ဆေးဝါးများကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က စစ်တွေမြို့ ရေချမ်းပြင် ဆိပ်ကမ်းမှ အငူမော်သို့ ထွက်ခွာမည့် ကမ်းထိုးဇက်ကတိုးရေယာဉ်ပေါ်သို့  တင်ဆောင် ထားသည့် YGN 2H——KLUGER အဖြူရောင်ကား၏ အနောက်ခန်း ပစ္စည်းထားသော အန်ဘောက်အောက်အတွင်းရှိ  အန်ဝှက်ထဲမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ၎င်းရဲအရာရှိက ပြောသည်။

ကားမောင်းသူမှာ မောင်တောမြို့ ရပ်ကွက်(၃)နေ ကျော်နိုင်ကို စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပြီး၊ ကွင်းဆက်များကို ဖမ်းဆီးနိုင်ရေးအတွက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်း ၂ သောင်း၏ ကာလတန်ဖိုးမှာ သန်း ၁၈၆၀ ကျပ်ရှိကြောင်း သိရသည်။

May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...