ရခိုင့်သယံဇာတပိုင်ဆိုင်ခွင့်ဆိုင်ရာ လူထုချီတက်ပွဲ (၂) နှစ်ပြည့်အထိမ်းအမှတ် ကျောက်ဖြူမြို့တွင် ကျင်းပပြုလုပ်မည်

ရခိုင့်သယံဇာတပိုင်ဆိုင်ခွင့်ဆိုင်ရာ လူထုချီတက်ပွဲ (၂) နှစ်ပြည့်အထိမ်းအမှတ် ကျောက်ဖြူမြို့တွင် ကျင်းပပြုလုပ်မည်

ရခိုင့်သယံဇာတပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်ဆိုင်ရာ လူထုချီတက်ပွဲ (စစ်တွေ- ကျောက်ဖြူ) ၂ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကျောက်ဖြူမြို့တွင် နိုဝင်ဘာလ ၂၆နှင့် ၂၇ ရက်နေ့များတွင် ပြုလုပ် သွားမည်ဟု သတင်းရရှိသည်။

ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက် (ANREN) မှ  ဦးဆောင်ပြီး ၎င်းအထိမ်းအမှတ်နေ့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းနေ့တွင် ရခိုင့်နိုင်ငံရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲနှင့်  ရခိုင်လူထုဆန္ဒထုတ်ဖော်ပွဲကို ထည့်သွင်း ပြုလုပ်သွားမည်ဟု ရခိုင့်သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ယက်(ANREN)မှ ကိုဇေယျကျော်က ပြောသည်။

“ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ်ရဲ့ ဖက်ဒရယ်လမ်းစဉ်ကို သွားမယ်ဆိုရင်၊ ပြည်နယ်တိုင်းပြည်နယ်တိုင်း၊ လူမျိုးတိုင်း မှာ ဖက်ဒရယ်ဆိုင်ရာ မူဝါဒ အသီးသီးရှိရမယ်။အဲ့ဒီမူဝါဒတွေထဲမှာမှ သယံဇာတဆိုင်ရာ မူဝါဒ တစ်ရပ် ပေါ်ထွန်းလာရေးပေါ့။ ရခိုင်ပြည်နယ်မှာ ဆိုလို့ရှိရင် ဖက်ဒရယ်နဲ့ပတ်သက်တဲ့ မူဝါဒသည် ကရင် တို့လို မရှိသေး ဘူး။ ချင်းတွေလိုမရှိသေးဘူး။ အဲ့တော့ ရခိုင်ပြည်နယ်သည်လည်းပဲ သယံဇာတတွေ အင်မတန်မှ ရှိတဲ့နေရာ ဖြစ်တဲ့အခါကျတော့ သယံဇာတဆိုင်ရာ မူဝါဒတစ်ရပ်က ရှိကိုရှိရမယ်။ဖက်ဒရယ်နဲ့ တွဲလျက်ပါတဲ့ သယံဇာတ ဆိုင်ရာ မူဝါဒတစ်ရပ် ရှိကိုရှိရမယ်။အဲ့တော့ အဲ့ဒါကိုမရှိသေးတဲ့အတွက် ရှိအောင် လုပ်ဖို့ ကျွန်တော်တို့က ဆွေး နွေးပွဲကို ပြုလုပ်ရတာဖြစ်တယ်”ဟု သူက  နိရဉ္စရာသို့ပြောသည်။

ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်မှ ပါတီနိုင်ငံရေးသမားများ၊အရပ်ဘက်အဖွဲ့အစည်းများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ရခိုင့်သဘာ၀ သယံဇာတနှင့်ပတ်သက်ပြီး စိတ်ပါဝင်စားသူများကို အသီးသီးကို ဖိတ်ကြား ထားသည်ဟု သိရသည်။

အဆိုပါ ရခိုင့်သဘာဝသယံဇာ ပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲကို ၂၆ ရက်နေ့ နံနက် ၉နာရီမှ ညနေ ၅ နာရီထိ ကျောက်ဖြူ မြို့ သာသနာ့ဗိမာန်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး လူထုချီတက်ပွဲကို ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီထိ  ပြုလုပ်သွားမည်ဟု သိရသည်။

“လူထုချီတက်ပွဲ လုပ်တယ်ဆိုတာကတော့ ဒီ ၂ နှစ်ပြည့်ပေါ့။(ကျောက်ဖြူ၊စစ်တွေ) ကလူတွေ ချီတက် ထားတာလေ။ ရခိုင်သယံဇာတ ပိုင်ဆိုင်ခွင့်နဲ့ စီမံခန့်ခွဲပိုင်ခွင့်ဆိုတဲ့ ခေါင်းစဉ်နဲ့ ချီတက်ခဲ့ကြတာ ၂ နှစ်ပြည့်ပြီလေ။ ဒါကြောင့် လူထုချီတက်ပွဲ နှစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ချီတက်ကြမှာပါ။ ချီတက်တဲ့အခါမှာတော့ ကျောက်ဖြူမြို့ ဂေါက်ကွင်းကနေ နာရီစင်အထိ ချီတက်သွားမှာပါ”ဟု ကိုဇေယျကျော်က ဆက်ပြောသည်။

အဆိုပါ လူထုချီတက်ဆန္ဒဖော်ထုတ်ပွဲကို လူအင်အား အနည်းဆုံး ၁၀၀၀ ခန့်မှန်းထားသည်ဟု ဆိုသည်။

ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...