စစ်တွေဗုံးပေါက်ကွဲမှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် ဦးအေးဝင်းကို ထောင်နှစ် ၃၀ ချမှတ်

စစ်တွေဗုံးပေါက်ကွဲမှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် ဦးအေးဝင်းကို ထောင်နှစ် ၃၀ ချမှတ်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော ဗုံး ၃ လုံး ပေါက်ကွဲမှုတွင် အမှု ၃ မှုဖြင့် စွဲချက်တင် ခံထားရသော ဦးအေးဝင်းကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေက စစ်တွေခရိုင် တရားရုံးက ထောင်နှစ် ၃၀ ချမှတ်လိုက်သည်ဟု သိရသည်။

“၃ မှုနဲ့ စွဲပြီးတော့ ၃ မှုနဲ့ ချလိုက်တယ်ဗျာ။ နှစ် ၃၀ ချတယ်။ ကျနော် ပြောချင်တာက ကျနော်ဟာ ဘယ်ပေါက်ကွဲမှုမှာမှ၊ ဘယ်ဟာမှာမှ မပါခဲ့ဘူး။ ပါဝင်ခြင်းလည်း မရှိဘူး။ ကူညီခြင်းလည်း မရှိဘူး။ အဲ့ဒီ ဖြစ်ပွားတဲ့နေကျနော်က ဘူးသီးတောင်မောင်တောမှာ ကယ်ဆယ်ရေး ပေးဖို့အတွက် သွားနေခဲ့တာပါ။ ရခိုင့်လူမှု ကူညီစောင့်ရှောက်ရေး ဖောင်ဒေရှင်းလည်းပါတယ်”ဟု ဦးအေးဝင်းက သတင်းထောက်များကို ပြောသည်။

ယင်းသို့ စွဲချက်တင်ပြီး အမိန့်မချမီ မည်သည့်နေရာတွင် မည်သို့ လုပ်ဆောင်ခဲ့သည်ကို သက်သေပြဖို့ လိုအပ်သည်ဟု ဦးအေးဝင်းကပြောသည်။

“ဆက်ပြီး ပြည်နယ်အယူခံ ဝင်ခွင့်ပြုတယ်။ ဆက်ပြီးတော့ အယူခံ ဝင်ခိုင်းတယ်။ အယူခံ ဝင်ဖို့အတွက် ကျနော် ရှေ့နေနဲ့ ပြန်တိုင်ပင်မယ်။ ရှေ့နေနဲ့ တိုင်ပင်ပြီးတော့ အယူခံပြန်ဝင်ဖို့တော့ ရှိတယ်”ဟု ဦးအေးဝင်းကပြောသည်။

တရားရှေ့တွင် ဗုံးဖေါက်ခွဲမှုတစ်ခုဖြင့် စွဲချက်တင်ခံထားရသည့် ဦးမောင်ဦးမြင့်ကိုမူ တရားရုံးက ကွင်းလုံးကျွတ် လွတ်ပေးလိုက်သည်ဟု သိရသည်။

စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဗုံး ၃ လုံးပေါက်ကွဲခဲ့ရာ ဦးမောင်ဦးမြင့်ကို တရားရုံးရှေ့တွင် ဗုံးပေါက်ခွဲခဲ့သည့် အမှုဖြင့်စွဲချက်တင်ခဲ့ပြီး၊ ဦးအေးဝင်းကို တရားရုံးရှေ့၊ ဦးတင်မောင်ဆွေအိမ်ရှေ့နှင့် မြေစာရုံးအနီးတွင် ပေါက်ကွဲခဲ့သော အမှု ၃ ခုဖြင့် စွဲချတင်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော ဗုံး ၃ လုံးပေါက်ကွဲမှုတွင် ဆက်စပ်သည်ဟု စစ်တွေမြို့ပေါ်မှ သံသယဖြင့် စစ်တွေမြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံခဲ့ရသူ ၉ ဦးရှိပြီး၊ ထိုအထဲမှ ဦးနိုင်စိုး၊ ဦးမောင်မြင့်ရွှေ၊ ဦးရွှေထွန်းအောင်နှင့် ဦးတင်မြင့်ရွှေတို့ကို မတ်လ ၂၆ ရက်နေ့ ညတွင်လည်းကောင်း၊ မောင်သိန်းဦးကို ၂၇ ရက်နေ့ နံနက်တွင်လည်းကောင်း စစ်တွေမြို့မရဲစခန်းမှ အာမခံဖြင့် လွှတ်ပေးခဲ့ပြီး၊ မောင်သန်းရွှေနှင့် မောင်မြင့်ကြည်တို့ကို စစ်တွေမြို့နယ် တရားရုံးက သြဂုတ်လ ၈ ရက်နေ့တွင် တရားမဝင် နယ်စပ် ဖြတ်ကျာ်မှု ၁၃ (၁) ဖြင့် ထောင်ဒဏ် ၆ လစီချမှတ်ခဲ့သည်။

ဦးအေးဝင်းကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မများဖြစ်သည့် အမှုအမှတ် ၂၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀ (က) /(ဈ)၊ အမှုအမှတ် ၃၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀ (ဈ) နှင့် အမှုအမှတ် ၃၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀ (ဈ) များဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...