Published
Monday, November 12, 2018
လီဆူရေးရာ ဝန်ကြီး ဖားကန့် ကျောက်မျက်လုပ်ငန်းရှင်များ အသင်းနှင့် တွေ့ဆုံ
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာတီယောဟန်ဦးဆောင်သော အဖွဲ့သည် ဖားကန့်ဒေသရှိ လုပ်ငန်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် နိုဝင်ဘာလ(၈)ရက် ညနေပိုင်းတွင် ဖားကန့်မြို့၊ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းရုံးတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ဝန်ကြီးနှင့်အဖွဲ့သည် ဖားကန့်မြို့၊ကျောက်မျက် လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ အား တွေ့ဆုံအမှာစကားများ ပြောကြားပြီး လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်သောအဖွဲ့သည် ဖားကန့်မြို့တွင် ဆယ်ရက်ခန့်နေထိုင်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများအဖွဲ့နှင့် လိုက်လံစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။







