လီဆူရေးရာ ဝန်ကြီး ဖားကန့် ကျောက်မျက်လုပ်ငန်းရှင်များ အသင်းနှင့် တွေ့ဆုံ

လီဆူရေးရာ ဝန်ကြီး ဖားကန့် ကျောက်မျက်လုပ်ငန်းရှင်များ အသင်းနှင့် တွေ့ဆုံ

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာတီယောဟန်ဦးဆောင်သော အဖွဲ့သည် ဖားကန့်ဒေသရှိ လုပ်ငန်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် နိုဝင်ဘာလ(၈)ရက် ညနေပိုင်းတွင် ဖားကန့်မြို့၊ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းရုံးတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ဝန်ကြီးနှင့်အဖွဲ့သည် ဖားကန့်မြို့၊ကျောက်မျက် လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ အား တွေ့ဆုံအမှာစကားများ ပြောကြားပြီး လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်သောအဖွဲ့သည် ဖားကန့်မြို့တွင် ဆယ်ရက်ခန့်နေထိုင်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများအဖွဲ့နှင့် လိုက်လံစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...
June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...
June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...