မြန်မာစစ်တပ် ဖမ်းဆီးခေါ်ဆောင်သွားသော KBC ဓမ္မဆရာမ အပါဝင် အားလုံးကို ပြန်လွှတ်ပေး

မြန်မာစစ်တပ် ဖမ်းဆီးခေါ်ဆောင်သွားသော KBC ဓမ္မဆရာမ အပါဝင် အားလုံးကို ပြန်လွှတ်ပေး

မြန်မာစစ်တပ်၏ ၁၂ ရက်ကြာ မတရား ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC သာသနာပြု ဆရာမ တစ်ဦး အပါဝင် ဒေသခံ ခရီးသွား (၁၅)ဦး တို့ကို ယမန်နေ့ (နိုဝင်ဘာ (၄)ရက်နေ့)မြစ်ကြီးနားမြို့တွင် ပြန်လွှတ်ပေးကြောင်း အသင်းတော်က ဆိုသည်။

အထက် ကက(ကြည်း) ကာကွယ်ရေးဝန်ကြီးဌာန ၏ အမိန့်ဖြင့် ယခုလို ဖမ်းဆီးထားသော KBC တရုတ်ပြည်နယ်စပ် သာသနာပြု ဆရာမ Chamloiq Hkawng Nyoi နှင့် ခရီးသည် (၁၄)ဦးကို ယမန်နေ့မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းသို့ ဒေသချိန် ၁၁နာရီကျော်မှာ လွှဲအပ်ပြီး ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟု KBC ၀ိုင်းမော်ဇုံနယ်အသင်းတော်မှ သိက္ခာတော်ရ ဆရာတော် Rev. Hkangdu Brang Shawng က ကချင်သတင်းဌာန KNG ကို ပြောသည်။

အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုုပ် လိုင်ဇာနှင့် ဆက်သွယ်ပေးသော တစ်ခုတည်းသော ဝင်ပေါက် Nam San Yang (နမ်ဆန်ယန်)မှ KBC သာသနာပြု ဆရာမ အပါဝင် အမျိုးသမီး (၈)ဦးနှင့် အမျိုးသား (၇)ဦး တို့ကို မြန်မာစစ်တပ်က ဖမ်းဆီးပြီး အဝတ်စဖြင့် မျက်စိပိတ်စည်းကာ ကြိုးသုတ်ပြီး မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကို ခေါ်ဆောင်သွားခြင်းဖြစ်သည်။

အမျိုးသမီးများကို စစ်ဖက်ရေးရာလုံခြုံရေးစခန်း (စရဖ)တွင် မေးမြန်းစစ်ဆေးခဲ့ပြီး အမျိုးသားများကို မပခ တိုင်းတပ်ဖွဲ့ ခလရ (၃၇) စခန်းတွင် မေးမြန်းစစ်ဆေးခဲ့ကြောင်း မေးမြန်းသိရသည်။ ယမန်နေ့နံနက်ပိုင်း မလွှတ်ပေးမီ အမျိုးသမီးများက စရဖ စခန်းတွင် ၎င်းတို့အား စစ်ဆေးသူများ 'ကိုယ်ထိလက်ရောက်မှု မရှိကြောင်း ဝန်ခံချက် လက်မှတ်ထိုးရကြောင်း" ဆရာမ Hkawng Nyoi က ကချင်သတင်းဌာန KNG ကို ပြောပါသည်။ 

မြန်မာအစိုးရ ဥပဒေတွင် အပြစ်မရှိသောသူကို ၂၄ နာရီထက် မကျော်ပဲ ဖမ်းဆီးရန် ခွင့်ပြုထားပါသည်။

June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...
June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...
June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...