မြန်မာစစ်တပ် ဖမ်းဆီးခေါ်ဆောင်သွားသော KBC ဓမ္မဆရာမ အပါဝင် အားလုံးကို ပြန်လွှတ်ပေး

မြန်မာစစ်တပ် ဖမ်းဆီးခေါ်ဆောင်သွားသော KBC ဓမ္မဆရာမ အပါဝင် အားလုံးကို ပြန်လွှတ်ပေး

မြန်မာစစ်တပ်၏ ၁၂ ရက်ကြာ မတရား ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC သာသနာပြု ဆရာမ တစ်ဦး အပါဝင် ဒေသခံ ခရီးသွား (၁၅)ဦး တို့ကို ယမန်နေ့ (နိုဝင်ဘာ (၄)ရက်နေ့)မြစ်ကြီးနားမြို့တွင် ပြန်လွှတ်ပေးကြောင်း အသင်းတော်က ဆိုသည်။

အထက် ကက(ကြည်း) ကာကွယ်ရေးဝန်ကြီးဌာန ၏ အမိန့်ဖြင့် ယခုလို ဖမ်းဆီးထားသော KBC တရုတ်ပြည်နယ်စပ် သာသနာပြု ဆရာမ Chamloiq Hkawng Nyoi နှင့် ခရီးသည် (၁၄)ဦးကို ယမန်နေ့မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းသို့ ဒေသချိန် ၁၁နာရီကျော်မှာ လွှဲအပ်ပြီး ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟု KBC ၀ိုင်းမော်ဇုံနယ်အသင်းတော်မှ သိက္ခာတော်ရ ဆရာတော် Rev. Hkangdu Brang Shawng က ကချင်သတင်းဌာန KNG ကို ပြောသည်။

အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုုပ် လိုင်ဇာနှင့် ဆက်သွယ်ပေးသော တစ်ခုတည်းသော ဝင်ပေါက် Nam San Yang (နမ်ဆန်ယန်)မှ KBC သာသနာပြု ဆရာမ အပါဝင် အမျိုးသမီး (၈)ဦးနှင့် အမျိုးသား (၇)ဦး တို့ကို မြန်မာစစ်တပ်က ဖမ်းဆီးပြီး အဝတ်စဖြင့် မျက်စိပိတ်စည်းကာ ကြိုးသုတ်ပြီး မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကို ခေါ်ဆောင်သွားခြင်းဖြစ်သည်။

အမျိုးသမီးများကို စစ်ဖက်ရေးရာလုံခြုံရေးစခန်း (စရဖ)တွင် မေးမြန်းစစ်ဆေးခဲ့ပြီး အမျိုးသားများကို မပခ တိုင်းတပ်ဖွဲ့ ခလရ (၃၇) စခန်းတွင် မေးမြန်းစစ်ဆေးခဲ့ကြောင်း မေးမြန်းသိရသည်။ ယမန်နေ့နံနက်ပိုင်း မလွှတ်ပေးမီ အမျိုးသမီးများက စရဖ စခန်းတွင် ၎င်းတို့အား စစ်ဆေးသူများ 'ကိုယ်ထိလက်ရောက်မှု မရှိကြောင်း ဝန်ခံချက် လက်မှတ်ထိုးရကြောင်း" ဆရာမ Hkawng Nyoi က ကချင်သတင်းဌာန KNG ကို ပြောပါသည်။ 

မြန်မာအစိုးရ ဥပဒေတွင် အပြစ်မရှိသောသူကို ၂၄ နာရီထက် မကျော်ပဲ ဖမ်းဆီးရန် ခွင့်ပြုထားပါသည်။

January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...