မောင်တောခရိုင်မှ ဘူးသီးတောင်မြို့ လျှပ်စစ်မီး၂၄နာရီရရှိပြီ

မောင်တောခရိုင်မှ ဘူးသီးတောင်မြို့ လျှပ်စစ်မီး၂၄နာရီရရှိပြီ
by -
မာန်ယုကျော် (ရွှေဝမြေ)
(ဓာတ်ပုံ - ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး)
(ဓာတ်ပုံ - ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး)

ရခိုင်ပြည်နယ်၊ အနောက်ဘက်အစွန်ဆုံး မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီ စတင်ရရှိနေပြီဟု မြို့ခံများက ပြောသည်။

ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်များသို့ အောက်တိုဘာလ ၃ဝ ရက်နေ့၊ ညနေပိုင်းမှစတင်ကာ မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီ စတင်ထုတ်လွှတ်ပေးနေခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမိုးသူရ နိရ ဉ္စရာသို့ အတည်ပြုပြောသည်။

"မနေ့က ညနေပိုင်းကနေ စပြီး ထုတ်လွှတ်ပေးနေတာပါ။ တစ်မြို့လုံး မီးရနေပါပြီ"ဟု ဦးမိုးသူရက ပြောသည်။

ဘူးသီးတောင်မြို့ပေါ်ရှိ ရပ်ကွက် (၇)ခုစလုံး လျှပ်စစ်မီးရရှိနေခြင်းဖြစ်ကြောင်းလည်း မြို့ခံများက ပြောသည်။

"မနေ့က ညနေ ၆ နာရီလောက်ကနေ မီးရနေတာဖြစ်ပါတယ်။ မီးသုံးရတာလည်း အဆင်ပြေပါတယ်။ အခုလို မီးရလာတော့ ကျနော်တို့ စိတ်လည်း ချမ်းသာတယ်။ ဒေသလည်း အရင်ကထက် ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်"ဟု ဘူးသီးတောင်မြို့ဒေသခံ ဦးအဖြူမောင်က နိရဥ္စရာသို့ပြောသည်။

မြို့ပေါ်ရပ်ကွက်များအပြင် မြို့နယ်တွင်းရှိ ကျေးရွာများလည်း လျှပ်စစ်မီး ၂၄ နာရီရရှိခြင်း ရှိ/မရှိနှင့် မီတာအလုံးရေ မည်မျှကို လျှပ်စစ်မီးပေးထားသည်ဆိုသည်ကို အသေးစိတ်မေးလိုသော်လည်း ဘူးသီးတောင်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမိုးသူရ အစည်းအဝေးတက်နေရသည်ဟုဆိုကာ မေးမြန်းခွင့်မရခဲ့ပါ။

ရခိုင်ပြည်နယ်တွင် မောင်တောနှင့် မာန်အောင်မြို့များမှအပ ကျန်မြို့များတွင် မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိနေပြီဖြစ်သည်။

ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...