ရသေ့တောင်အမှတ်(၂) မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၅ သောင်းကျော်ရှိ

ရသေ့တောင်အမှတ်(၂) မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၅ သောင်းကျော်ရှိ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်တွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်မှာ ၅၂၃၀၀ ဦးရှိကြောင်း သိရသည်။

“ မဲထည့်နိုင်တဲ့သူ ၅၂၃၀၀ ဦး၊ မဲရုံက ၈၆ ရုံရှိမှာ ဖြစ်ပါတယ်။ မဲရုံးမှူးနဲ့ မဲရုံအဖွဲ့ဝင်က စုစုပေါင်း ၆၂၄ ယောက်ရှိပါတယ်” ဟု စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးခင်မောင်ဦးက နိရဥ္စရာသို့ ပြောကြားသည်။ 

မဲဆွယ်စည်းရုံးမှုကို နိုဝင်ဘာ ၁ ရက်နေ့ ညဉ့် ၁၂ နာရီ အချိန်တွင် ရပ်နားရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်မည့်နေ့တွင် လုံခြုံရေးကို ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ ရပ်ကျေး စီမံခန့်ခွဲမှုနှင့် လုံခြုံရေး ကော်မတီများနှင့် မြန်နိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရသေ့တောင်မြို့နယ် ဖြူချောင်းရွာ ရွေးကောက်ပွဲဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ ဦးခင်မောင်ဦးက“ ဆိုင်းဘုတ်ကိုဖျက်တာ ဘယ်သူက လုပ်တယ်ဆိုတာ မသိရပါဘူး။ မသိရတော့ ရွေးကောက်ပွဲ ဥပဒေ အရ ရဲအရေးပိုင်ဖြစ်တဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ဖို့တော့ သက်ဆိုင်ရာ ပါတီတွေကို အကြောင်းကြား ထားပါတယ်” ဟု ပြောကြားသည်။

၎င်းပြင်သူက “ ကိုယ့်ဒေသကို အုပ်ချုပ်မယ့်သူကို ကိုယ်တိုင်ရွေးချယ်နိုင်ဖို့ မဲရုံကို သွားပြီး မဲပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောဆိုသည်။

ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...