Published
Sunday, October 21, 2018
မြန်မာဘာသာ အစီအစဉ် (အောက်တိုဘာလ ၂၁၊ ၂၀၁၈)
ပြည်ထောင်စုုအစိုုးရက ရှမ်းပြည်နယ် နမ္မတူမြစ်ပေါ် တည်ဆောက်မယ့် အထက် ရဲရွာရေကာတာ ခေါ် တာ့လုံရေကာတာကိုု တည်ဆောက်ဖိုု့ ဘတ်ဂျတ်တုုိးလုုိက် တဲ့အပေါ် သီပေါပြည်သူတွေက ကန့်ကွက်ခဲ့ကြပါတယ်။
ဖာလာစိုက်ပျိုးရေးကို အားထားလုပ်ကိုင်နေကြတဲ့ ကယန်းတောင်သူတွေ အနေနဲ့ ဖာလာစျေး မကောင်းတာကြောင့် အခက်အခဲကြုံနေကြရပါတယ်။
မွန်ပြည်နယ်မှာတော့ ပျောက်ဆုံးနေတဲ့ ဘီလူးကျွန်းမြို့ဟောင်းတစ်မြို့ကို ချောင်းဆုံမြို့နယ်ထဲမှာ သုဝဏ္ဏဘူမိခေတ်က ရှေးဟောင်းအုတ်ရိုးတွေကို တူးဖော်ရှာဖွေနေကြပါတယ်။






