ရန်ကုန်ရောက်ရခိုင်အဖွဲ့အစည်းများပူးပေါင်းပြီး ရခိုင်လူငယ်များလူမှုအဖွဲ့ဖွဲ့စည်း

ရန်ကုန်ရောက်ရခိုင်အဖွဲ့အစည်းများပူးပေါင်းပြီး ရခိုင်လူငယ်များလူမှုအဖွဲ့ဖွဲ့စည်း
by -
စိုးဇံအောင်(တောင်ကုတ်)

ရန်ကုန်ရောက် ရခိုင်အဖွဲ့အစည်း ၁၁ ခု ပူးပေါင်းပြီး ရခိုင်လူငယ်များအသင်းကို တစ်ခုကို ဖွဲ့စည်း ထူထောင်လိုက်သည်ဟု သတင်းရရှိသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ လှိုင်သာယာမြို့နယ် ယထာဘူတပရိယတ္တိရွှေကျောင်းတွင်ပြုလုပ်သော ၂၀၁၀ ခုနှစ်နောက်ပိုင်းရန်ကုန်ရောက်ရခိုင်လူငယ်များနှင့်ဖွဲ့စည်းထားသည့် ပရဟိတ၊လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးပွဲတွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ထိုသို့ ထူထောင်ရာတွင် ဦးဆောင်ကော်မတီကို တစ်ဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးကျစီ ပါဝင်ပြီး ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း၊ ရည်ရွယ်ချက် ၃ ခုဖြင့်ဖွဲ့စည်း တည်ထောင်လိုက်ခြင်းဖြစ်ကြောင်း ရခိုင်လူငယ်များပရဟိတအသင်း(ရန်ကုန်)မှ အရှင်သဘာဝနဒီက နိရဥ္စရာသို့ပြောသည်။

“ဦးဇင်းတို့ ဒီရခိုင်လူငယ်များ CSO အသင်းကို ဖွဲ့စည်းရတာကတော့ ရန်ကုန်ရောက်ရခိုင်လူမျိုးများရဲ့ အခက်အခဲပြဿနာတွေနဲ့ အမျိုးသားရေးကဏ္ဍအပါအဝင်ရခိုင်ပြည်ရဲ့အရေးပေါ်ကိစ္စတစ်ခုဖြစ် ရင်မြန်ဆန်စွာကူညီနိုင်ဖို့အတွက် ဖြစ်ပါတယ်။ နံပါတ် ၂ ကျတော့ ရခိုင်ပြည်၊ ရခိုင်လူမျိုးများနဲ့သက်ဆိုင်တဲ့ အကောင်းအဆိုး သတင်းမှန်သမျှကို မြန်ဆန်စွာ သိရှိနိုင်ဖို့အတွက် သတင်းစုဆောင် ဖလှယ်နိုင်ရေးနဲ့ နံပတ် ၃ ကတော့ ရန်ကုန်ရောက် ရခိုင်လူငယ် CSO အဖွဲ့စည်းအဖွဲ့ဝင်အားလုံးကို အသိပညာဗဟုသုတတွေ တိုးပွားရေး အတွက် ကဏ္ဍအလိုက် ဆောင်ရွက်ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်သုံးချက် ဖြစ်ပါတယ်”ဟု အရှင်သဘာဝနဒီက ပြောသည်။

အဆိုပါ ရခိုင်လူငယ်များ CSO အသင်းကို ရန်ကုန်ရောက်ရခိုင်အဖွဲ့အစည်း ၁၁ ခုဖြင့်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး ပါဝင်သောအဖွဲ့အစည်းများမှာ ရခိုင်လူငယ်များ ပရဟိတအသင်း Arakan Youths Charity Association(AYCA)၊ မဟာပညာကျော်ဖောင်ဒေးရှင်း၊ဝံသာနု နုဂဟအသင်း၊ရက္ခိတပန်းပျိုးလက် အသင်း၊ရက္ခိတအလင်းရောင်အသင်း၊မေယုအားမာန်အသင်း၊အတ္တမဲ့ရင်ခွင်အသင်း၊လေးဝတီ ပရဟိတအသင်း၊ရခိုင်လူငယ်များအသင်း(Arakan Youths Association) စသည့်အဖွဲ့များ ဖြစ်ကြသည်။

ဆွေးနွေးပွဲကို အောက်တိုဘာ ၁၄ ရက် နေ့လယ် ၁၂ နာရီတွင်စတင်ခဲ့ပြီး ရန်ကုန်ရောက် ရခိုင်အဖွဲ့စည်းများမှ လူဦးရေ ၃၀ ကျော်တက်ရောက်ခဲ့ကာ ညနေ ၃ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။

ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...