စစ်တွေတွင် ရခိုင်လူငယ်များကို ဖမ်းဆီးရသည့် အထောက်အထားကို ပွင့်လင်းစွာ ချပြရန် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂတောင်းဆို

စစ်တွေတွင် ရခိုင်လူငယ်များကို ဖမ်းဆီးရသည့် အထောက်အထားကို ပွင့်လင်းစွာ ချပြရန် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂတောင်းဆို
by -
စိုးဇံအောင်(တောင်ကုတ်)

စစ်တွေတွင် စရဖတစ်ဦးလုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ရခိုင်လူငယ်များအား ဖမ်းဆီးရသည့် အထောက်အထားအခိုင်အလုံကို အာဏာပိုင်များမှ ပြည်သူများကို ပွင့်လင်းစွာ ချပြရန် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ တောင်းဆိုလိုက်သည်။

ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုထွန်းထင်ကျော်က “ လူသတ်မှုနဲ့ပတ်သက်ပြီး တော့ ဒီလူငယ်တွေမှာ ဘာမှအပြစ်မရှိ၊ သက်သေလည်းမပြနိုင်ဘဲနဲ့ ဖမ်းတာက မဖြစ်သင့်ဘူးလေ။ ကျွန်တော်တို့ အနေနဲ့ပြောချင်တာက သူတို့ အဲ့ဒီ ပုဒ်မတွေနဲ့စွဲတဲ့အခါမှာလည်း ဒီလူငယ်တွေကို သတ်တယ်လို့ သံသယ ရှိတယ်ဆိုရင်လည်း ဘာကြောင့်သံသယရှိတာလည်းဆိုတာကို ပြည်သူတွေ ကိုသေချာပွင့်ပွင့်လင်းလင်း ချပြသင့်တယ်လို့ထင်ပါတယ်”ဟု နိရဥ္စရာသို့ပြောသည်။

ယခုကဲ့သို့ ရခိုင်လူငယ်များအား အထောက်အထားမဲ့ဖမ်းဆီးနေခြင်းသည် မိမိတို့ ရခိုင်လူငယ်များ အားခြိမ်းခြောက်ရာရောက်ပြီး အစိုးရအနေဖြင့် အဆိုပါကိစ္စအားဆောင်ရွက်ရာတွင် ပွင့်လင်းမြင် သာမှုရှိစွာ ပြည်သူကို ချပြသင့်ကြောင်း ၄င်းကဆက်ပြောသည်။

“ပွင့်ပွင့်လင်းလင်း အများသိအောင် ဆောင်ရွက်ပေးပါလို့တောင်းဆိုချင်တယ်။ပြီးတော့ အခုဖမ်းဆီးထား တဲ့ လူငယ်တွေကိုပေါ့နော်။သူတို့အနေနဲ့ သက်သေအထောက်အထား မပြနိုင်ရင် အခုလို ဖမ်းဆီးချုပ်နှောင် မထားဘဲ အမြန်ဆုံးပြန်လွတ်ပေးဖို့ ကျွန်တော်တို့ ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများ သမဂ္ဂက တောင်းဆိုပါတယ်” ဟု ကိုထွန်းထင်ကျော်ကပြောသည်။

စစ်တွေမြို့ဝင်္ကဘာကွင်းတွင် စရဖတစ်ဦးကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်း ခံရပြီးနောက် ရဲတာဝန်ရှိသူများက ရခိုင်လူငယ် ၃ ဦးကို ဖမ်းဆီးချုပ်နှောင်ထားပြီး ၄င်းတို့သုံးဦးမှာ ကိုအောင်ချေ၊ ကိုခိုင်ဘိုဘိုနှင့် ကိုမေယုထွန်းတို့ဖြစ်သည်။

၄င်းတို့သုံးဦးအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အောက်တိုဘာလ ၂၂ ရက်နေ့အထိ် ရမန်ယူ ထားပြီး ၄င်းနေ့တွင် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။

May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...