လွိုင်ကော်တက္ကသိုလ်တွင်ကုန်ကျစရိတ်ပိုနည်း၍ ရှမ်း/တောင်ကျောင်းသားများပါ ရွေးချယ်တက်ရောက်ကြ

လွိုင်ကော်တက္ကသိုလ်တွင်ကုန်ကျစရိတ်ပိုနည်း၍ ရှမ်း/တောင်ကျောင်းသားများပါ ရွေးချယ်တက်ရောက်ကြ
by -
မူဂျာမီလှိုင်
လွိုင်ကော်တက္ကသိုလ်ကို တွေ့ရစဉ် (ဓာတ်ပုံ/ဂျာမီလှိုင်)
လွိုင်ကော်တက္ကသိုလ်ကို တွေ့ရစဉ် (ဓာတ်ပုံ/ဂျာမီလှိုင်)

ရှမ်း/တောင် ဖယ်ခုံဒေသနှင့် ပင်လောင်းဒေသတို့ရှိ ကျောင်းသူကျောင်းသားများသည် တောင်ကြီးတက္ကသိုလ်ထက် လွိုင်ကော်တက္ကသိုလ်သည် ကုန်ကျစရိတ်သက်သာသဖြင့် လွိုင်ကော်သို့လာရောက်ကျောင်းတက်ကြသူများပြားနေကြောင်း သိရသည်။

“တောင်ကြီးက ကျူရှင်ခက လွိုင်ကော်ထက်စျေးပိုများတာပေါ။့ အဆောင်တွေတော့ရှိတယ် ဒါပေမဲ့ လူတွေကအရမ်းကြပ်တယ်” ဟု တောင်ကြီးတက္ကသိုလ်တွင် တတိယနှစ် တက်နေသောကျောင်းသားတစ်ဦးက ဆိုသည်။

ဖယ်ခုံဒေသရှိ ကျောင်းသားအချို့မှာ လွိုင်ကော်မြို့သည် ၎င်းတို့သွားရေးလာရေးအတွက် ပိုအဆင်ပြေကြောင်းနှင့် စရိတ်ကြောင့် တက်ဖြစ်သွားကြောင်း ဆိုကြသည်။

“ရှမ်းပြည်မှာအောင်တယ်ဆိုပေမဲ့ ကယားပြည်နယ်က ကိုယ်တွေနဲ့နီးတယ် ပိုပြီးအဆင်ပြေတယ် တောင်ကြီးက အရမ်းဝေးတယ်လေ” ဟု ဖယ်ခုံမြို့နယ်မှာနေပြီး လွိုင်ကော်တက္ကသိုလ်သို့ နောက်ဆုံးနှစ်တက်နေသော မကယ်ရိုလှိုင်းက ပြောသည်။

လွိုင်ကော်တက္ကသိုလ်သည် ၎င်းတို့၏ဒေသနှင့် ပိုနီးသောကြောင့်နှင့် ကျူရှင်ခ အဆောင်ခ နှင့် ခရီးသွားလာရေးကုန်ကျစရိတ်များလည်းပိုသက်သာ သောကြောင့် ၎င်းကဆိုသည်။

လွိုင်ကော်တက္ကသိုလ်သည် အခြားနီးစပ်သည့် တက္ကသိုလ်ထက် အောင်ချက်ကောင်းကြောင်းနှင့် ၎င်းတို့မိသားစုနှင့် ပို၍နီးနီးကပ်ကပ်နေနိုင်သည့်အတွက်ကြောင့် ရွေးချယ်ခဲ့ကြသည်။

လွိုင်ကော်မြို့နှင့် ၎င်းတို့၏ရွာသည် နီးသောကြောင့် အရေးကြီးကိစ္စများဖြစ်ပေါ်ပါကလည်း သွားလာရန်ပိုမြန်သည်ကိုလည်း ကျောင်းသားတစ်ဦးက ဆိုသည်။

“လမ်းပမ်းဆက်သွယ်ရေးလည်းကောင်းတယ် ရွာနဲ့နီးတော့ အိမ်ရဲ့ကိစ္စတွေလည်းဆောင်ရွက်နိုင်တာပေါ့ တောင်ကြီးသွားရင် အမြန်ဆုံး ၃ နာရီလေ ဒီမှာဆိုရင် နာရီဝက်လောက်ဘဲပေါ့နော် ” ဟု ၎င်းကဆိုသည်။

တက္ကသိုလ်တက်ရန် သက်ဆိုင်ရာတက္ကသိုလ်ကျောင်းများသို့ သွားရောက် လျှောက်ထားရာတွင်လည်း ဆရာ/မများက လွိုင်ကော်တွင်သာ တက်ရောက်ရန် တိုက်တွန်းခဲ့ကြသည်ဟု ကျောင်းသားများက ဆိုသည်။

ယခုနှစ်တွင် လွိုင်ကော်အဝေးသင် တက္ကသိုလ်တွင် ကျူရှင်ခမှာ ၆၅၀၀၀ ကျပ်ရှိသော်လည်း တောင်ကြီးတက္ကသိုလ်တွင် ကျူရှင်ခမှာ ၉၅၀၀၀  ကျပ်ရှိကြောင်းသိရသည်။

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...