ပလက်ဝမြို့နယ်တွင် ရိက္ခာပြတ်တောက်မှုကြောင့် ရပ်ရွာတစ်ချို့ ရွှေ့ပြောင်းနေထိုင်ကြရန် ပြင်ဆင်မှုများရှိနေဟုဆို

ပလက်ဝမြို့နယ်တွင် ရိက္ခာပြတ်တောက်မှုကြောင့် ရပ်ရွာတစ်ချို့ ရွှေ့ပြောင်းနေထိုင်ကြရန် ပြင်ဆင်မှုများရှိနေဟုဆို
by -
သိန်းဇော် (မောင်တော)

အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်၊ ကုလားတန်မြစ်အထက်ပိုင်းတွင် တည်ရှိသည့် ရခိုင်ကျေးရွာ တစ်ချို့တွင် အစားအသောက်ရိက္ခာ ပြတ်တောက်မှုကြောင့် ရွှေ့ပြောင်းနေထိုင်ကြရန် ပြင်ဆင်မှုများ ရှိနေကြသည်ဟု သတင်းရရှိသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၀၁၇ နိုဝင်ဘာလ နောက်ပိုင်းစပြီး သွားရေးလာရေး အဆင်မပြေမှု၊ အစားအစာ ဆန်၊ဆီ၊ဆား ရိက္ခာများ လွတ်လွတ်လပ်လပ် သယ်သူခွင့် မရရှိမှု၊ လွတ်လွတ်လပ်လပ် သွားလာရှာဖွေ စားသောက်ခွင့် မရမှု၊ အစားအသောက် လုံလုံ လောက်လောက် မရရှိမှု၊ ဆက်သွယ်ရေးဖြတ်တောက်ခံထားရမှုများကြောင့် အိန္ဒိယနယ်စပ် ပလက်ဝ မြို့နယ်မှ ရခိုင်တိုင်းရင်းသားကျေးရွာတစ်ချို့မှာ စားဝတ်နေရေး အကြပ်အတည်းနှင့် ရင်ဆိုင်နေကြရပြီး နေရပ်စွန့်ခွာရန် ပြင်ဆင်မှုများရှိနေကြောင်း ပလက်ဝမြိုဒေသခံ ပရဟိတလုပ်နေသူ လူငယ်တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ တိုက်ပွဲတွေကြောင့် အစာရေစာရှားပါးမှု၊ ဆက်သွယ်ရေး ဖြတ်တောက်ခံထားရတာတွေ ရှိတယ်လို့ သိရပါတယ်။ မြိတ်ဝကျေးရွာမှာဆိုရင် အိမ်ခြေ (၁၉၀)ခ န့်ရှိခဲ့ရာကနေ အခု အိမ်ခြေ(၈၀) ဝန်းကျင်လောက်သာ ရှိတော့တယ်လို့ သိရပါတယ်။ အိန္ဒိယဖက်မှ ပြန်လည် ဝင်ရောက်လာပြီး လက်ရှိ အခက်အခဲဖြစ်နေတဲ့ ကျေးရွာတွေကတော့ မြိတ်ဝ၊ ပကာဝ နဲ့ ခွေလိပ်ဝ ရွာတို့ဖြစ်ကြပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ပလက်ဝမြို့ခံ တစ်ဦးက “ အဓိကတော့ တိုက်ပွဲကြောင့် ဖြစ်တာပါ။ သူတို့ကတော့ ရိက္ခာဖြတ်တယ် လို့ ပြောပါတယ်။ ကယ်ဆည်ရေးတွေလာတော့လည်း ထွေအုပ်ကလည်း အဲဒီဖက်ကို တက်ခွင့်မပေးပါဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ စစ်တပ်တွေကလည်း ခွင့်မပြုပါ။ ကျနော်တို့ ဒီပလက်ဝ ချောင်းတစ်ရိုးမှာ ဆန်သယ်ခွင့် မရတာက ပိုဆိုးပါတယ်။ ဟင်းရှာ ဟင်းခူး သွားတာတောင်မှ လက်မှတ် ထိုးပြီး သွားရတဲ့ အဆင့်အထိဖြစ်နေကြပြီး အိမ်တစ်အိမ်မှာ လူ ၅ ယောက်ရှိရင် ၁ယောက်လောက်ပဲ သွားလာခွင့် ပေးတယ်။ ဆက်သွယ်ရေးက အစဖြတ်ထားတာဆိုတော့ အကူအညီ တောင်းဖို့ကလည်း အဆင်မပြေ။ နေရေးထိုင်ရေး၊ စားရေး သောက်ရေး၊ ကျန်းမာရေး၊ ပညာရေးကအစ သိပ်အခက်အခဲ ဖြစ်နေကြရပါတယ်။ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေလို့ အခုအားလုံးက အိန္ဒိယထဲမှာ ရောက်သွား ကြပြီ။ ဒီဖက်မှာရှိတဲ့ လူတွေကလည်း အဲဒီဖက်ကို ပြန်သွားဖို့ လုပ်နေကြတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်အား ဆက်သွယ် မေးမြန်းရာ ၎င်းသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

“ကျနော်တို့ဘက်ကတော့ သယ်ယူပို့ဆောင်မှုနဲ့ ပတ်သက်ပြီး အစားအသောက်တွေ သယ်ယူတာကို ကန့်သတ် ထားတာမရှိပါဘူး။ ကန့်သတ်တာကတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သယ်ယူမယ့် ပစ္စည်း တွေကို ဘယ်ကနေ ဘယ်ကို သယ်မယ်ဆိုတာလေးကိုတော့ မြို့နယ်ဆိုင်ရာ အဖွဲ့အစည်းတွေက ပါမစ်နဲ့ သယ်ယူခွင့်ပြုတာတို့၊ စစ်ဆေးတာမျိုးတို့ ရှိပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ ပစ္စည်းတွေ ပါ/ မပါ စစ်ဆေးတာပါ” ဟု ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှုးက ပြောကြားသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...