ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ခွင့်ရ

ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ခွင့်ရ
by -
မာန်ယုကျော် (ရွှေဝမြေ)

ဒေါက်တာအေးမောင် ဦးဆောင်သည့် "ရခိုင့်ဦးဆောင်ပါတီ"အား တည်ထောင်ခွင့်ပြုလိုက်ပြီဟု သိရသည်။

"ရခိုင့်ဦးဆောင်ပါတီ"အမည်ဖြင့် ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၁ ရက်နေ့တွင် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်ဟု ပါတီတည်ထောင်ခွင့် လျှောက်ထားသူများတွင်ပါဝင်သူ ဦးစိုးဝင်းက ပြောသည်။

"ပါတီတည်ထောင်ခွင့်ပြုလိုက်တယ်ဆိုတာ မှန်ပါတယ်။ အခုလို ခွင့်ပြုလိုက်တော့ ဝမ်းသာပါတယ်။ ကျနော်တို့လည်း ဒီပါတီကို မှတ်ပုံတင်နိုင်ရေးနဲ့ ပါတီဖြစ်မြောက်ရေးတို့အတွက် ဆက်ပြီး လုပ်စရာတွေ ဆက်လုပ်သွားဖို့ရှိပါတယ်။"ဟု ဦးစိုးဝင်းက နိရဥ္စရာသို့ပြောသည်။

ပါတီတည်ထောင်ခွင့်အကြောင်းကြားစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးစိုးဝင်းထံသို့ လိပ်မူပေးပို့လိုက်ခြင်းဖြစ်ပြီး ပါတီခေါင်းဆောင်တစ်ဦးနှင့် ဒုတိယခေါင်းဆောင်တစ်ဦးတို့အား ရက်ပေါင်း ၃ဝ အတွင်း အမြန်ဆုံးရွေးချယ်တင်ပြရမည်ဟုလည်း တည်ထောင်ခွင့်ပြုသည့်အကြောင်းကြားစာတွင် ဖော်ပြထားသည်။

အဆိုပါပါတီကို "အဖရခိုင်ပြည်ပါတီ"အမည်ဖြင့် တည်ထောင်ရန် ယခုနှစ် ဖေဖော်ဝါလ ၁၉ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြလျှောက်ထားခဲ့သော်လည်း ကော်မရှင်က ယင်းအမည်အား လက်မခံဘဲ ပယ်ချခဲ့သည်။ ယင်းနောက် "ရခိုင့်ဦးဆောင်ပါတီ"အမည်ဖြင့် ထပ်မံ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပါတီကို ဖမ်းဆီးခံထားရသည့် ဒေါက်တာအေးမောင်၏ ဦးဆောင်မှုဖြင့် ထူထောင်ခြင်းဖြစ်သည်ဟု ဒေါက်တာအေးမောင်က သတင်းထောက်များကို ပြောဆိုထားသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...