ဆန္ဒပြခေါင်းဆောင် ၃ ဦးအမှု ကျန်ရှိ သက်သေများကို စစ်ဆေး

ဆန္ဒပြခေါင်းဆောင် ၃ ဦးအမှု ကျန်ရှိ သက်သေများကို စစ်ဆေး

တပ်မတော်၏ တရားစွဲဆိုထားခြင်းခံရသော ဆန္ဒပြ ကချင်လူငယ်ခေါင်းဆောင် (၃)ဦး ၏ ကျန်ရှိနေသော သက်သေ ၂ ဦးကို အောက်တိုဘာလ ၈ ရက်နေ့မနက် မြစ်ကြီးနား မြို့နယ်တရားရုံးတွင် ထပ်မံ စစ်ဆေးခဲ့သည်။

ဦး Lum Zawng (လွမ်းဇောင်း) ၏ ကျန်ရှိသော သက်သေ ဦး Hpauna Seng Hkum၊ ဦး Zau Jat (ဇော်ဂျတ်) နှင့် ဒေါ် Nang Pu (နန်ပူ) တို့နှစ်ဦး၏ သက်သေ ဦး Zau Tawng (ဇော်တောင်) တို့ ၂ ဦး ကို စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။



ဧပြီ ၃၀ ဆန္ဒပြပွဲတွင် ဦး Lum Zawng အနေဖြင့် တပ်မတော်အသေပျက်အောင်ပြောဆိုခဲ့ခြင်း မရှိကြောင်း သက်သေမှ ထွက်ဆိုခဲ့ပြီး၊ ဦး Zau Jat နှင့် ဒေါ် Nang Pu တို့သည်လည်း မနောကွင်း အတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် တပ်မတော်ကို အသရေပျက်အောင် ပြောဆိုမှု မရှိခဲ့ကြောင်း ၄င်းတို့၏ သက်သေ မှ ပြောဆိုသည်။



ကချင်ဆန္ဒပြ ၃ ဦး၏ စွဲချက်မိန့်ကို ပယ်ဖျက်ပေးရန် ပြည်နယ် တရားလွှတ်တော်သို့ ပြင်ဆင်လွှာ တင်ပြထားသည့်အပေါ် ပြည်နယ် တရားလွှတ်တော်မှ လက်ခံသင့် မခံသင့်ကို အောက်တိုဘာ ၁၅ ရက်နေ့တွင် လျှောက်လွှဲချက် ပေးမည်ဟု သိရပါသည်။

January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...