ဆန္ဒပြခေါင်းဆောင် ၃ ဦးအမှု ကျန်ရှိ သက်သေများကို စစ်ဆေး

ဆန္ဒပြခေါင်းဆောင် ၃ ဦးအမှု ကျန်ရှိ သက်သေများကို စစ်ဆေး

တပ်မတော်၏ တရားစွဲဆိုထားခြင်းခံရသော ဆန္ဒပြ ကချင်လူငယ်ခေါင်းဆောင် (၃)ဦး ၏ ကျန်ရှိနေသော သက်သေ ၂ ဦးကို အောက်တိုဘာလ ၈ ရက်နေ့မနက် မြစ်ကြီးနား မြို့နယ်တရားရုံးတွင် ထပ်မံ စစ်ဆေးခဲ့သည်။

ဦး Lum Zawng (လွမ်းဇောင်း) ၏ ကျန်ရှိသော သက်သေ ဦး Hpauna Seng Hkum၊ ဦး Zau Jat (ဇော်ဂျတ်) နှင့် ဒေါ် Nang Pu (နန်ပူ) တို့နှစ်ဦး၏ သက်သေ ဦး Zau Tawng (ဇော်တောင်) တို့ ၂ ဦး ကို စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။



ဧပြီ ၃၀ ဆန္ဒပြပွဲတွင် ဦး Lum Zawng အနေဖြင့် တပ်မတော်အသေပျက်အောင်ပြောဆိုခဲ့ခြင်း မရှိကြောင်း သက်သေမှ ထွက်ဆိုခဲ့ပြီး၊ ဦး Zau Jat နှင့် ဒေါ် Nang Pu တို့သည်လည်း မနောကွင်း အတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် တပ်မတော်ကို အသရေပျက်အောင် ပြောဆိုမှု မရှိခဲ့ကြောင်း ၄င်းတို့၏ သက်သေ မှ ပြောဆိုသည်။



ကချင်ဆန္ဒပြ ၃ ဦး၏ စွဲချက်မိန့်ကို ပယ်ဖျက်ပေးရန် ပြည်နယ် တရားလွှတ်တော်သို့ ပြင်ဆင်လွှာ တင်ပြထားသည့်အပေါ် ပြည်နယ် တရားလွှတ်တော်မှ လက်ခံသင့် မခံသင့်ကို အောက်တိုဘာ ၁၅ ရက်နေ့တွင် လျှောက်လွှဲချက် ပေးမည်ဟု သိရပါသည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...