ဂျပန်နိုင်ငံတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်လူငယ်များမှ ဆန္ဒပြပြီး အချက်(၆) ချက်တောင်းဆို

ဂျပန်နိုင်ငံတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်လူငယ်များမှ ဆန္ဒပြပြီး အချက်(၆) ချက်တောင်းဆို
by -
စိုးဇံအောင်(တောင်ကုတ်)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ရခိုင်လူငယ် (၇၀) ခန့်မှ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြပြီး အချက်(၆)ချက်ကို တောင်းဆိုခဲ့သည်ဟု သတင်းရရှိသည်။

တိုကျိုမြို့မြန်မာနိုင်ငံသံရုံးရှေ့ ဆန္ဒုပြပွဲကို ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန်(Arakan Youths Union-Japan) မှ ဦးဆောင်ပြီး ယနေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန် ဥက္ကဋ္ဌ ဦးစိုးနိုင်က “ကျွန်တော်တို့ အခုလိုဆန္ဒပြတယ်ဆိုတာဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဂျပန်ကို လာတာကို ဆန့်ကျင်တာလည်းမဟုတ်ဘူး။ လက်ရှိမှာ ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ ဖိနှိပ်ချုပ်ချယ်ခံနေရမှုတွေကို ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တစ်ကမ္ဘာလုံးက သိစေချင်တဲ့အတွက် ပြုလုပ်ရတာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရခိုင်လူမျိုးတွေကို အခုလိုဖိနှိပ်ချုပ်ချယ်ထားတာတွေကို အမြန်ဆုံး ရပ်တန့်ပေးဖို့ အတွက် တောင်းဆိုပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်လူငယ်များ တောင်းဆိုသည့်အချက်များမှာ-

၁။ ရခိုင်လူထုခေါင်းဆောင် ဒေါက်တာအေးမောင် အမြန်ဆုံးလွတ်မြောက်ရေး။

၂။ စာရေးဆရာဝေဟင်အောင် လွတ်မြောက်ရေး။

၃။ မြောက်ဦးလူငယ် ၈ ဦးအား ထပ်မံတရားစွဲဆိုထားခြင်းကို ချက်ချင်းရပ်တန့်ပေးရေး။

၄။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ရခိုင်လူမျိုးများ လွတ်လပ်စွာသွားလာခွင့်နှင့် နေထိုင်ခွင့်များအား ပိတ်ပင်တားဆီးမှုများကို ရပ်တန့်ပေးရေး။

၅။ ကျောက်ဖြူမြို့နယ် မဒေးကျွန်းပင်လယ်ရေညစ်ညမ်းမှုကို အမြန်ဆုံးသန့်ရှင်းစစ်ဆေးပေးရေး။

၆။ ရခိုင့်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စသည့်အချက်များဖြစ်သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီအပြောင်းလဲခေတ်သို့ရောက်ရှိနေသည်ဟုဆိုသော်လည်း ရခိုင်လူမျိုးများ အနေဖြင့် ဆက်လက်ဖိနှိပ်ချုပ်ချယ်ခြင်းခံနေရသည်ဟု ရက္ခိုင်လူငယ်အစည်းအရုံး-ဂျပန် အတွင်းရေးမှူးကိုကျော်သူရထွန်းကလည်း ပြောသည်။

ဆန္ဒပြ တောင်းဆိုသူ ရခိုင်လူငယ်များသည် ရခိုင်လူထုခေါင်းဆောင်ဒေါက်တာအေးမောင် လွတ်မြောက်ရေး ရက္ခိုင်သားအရေး၊စာရေးဆရာဝေဟင်အောင်လွတ်မြောက်ရေး ရက္ခိုင်သား အရေး၊ မြောက်ဦး လူငယ်ရှစ်ဦးကို ထပ်မံတရားစွဲဆိုထားခြင်းကို ချက်ချင်းရပ်တန့်ပေးရေး ရက္ခိုင် သားအရေး၊ ကျောက်ဖြူ မဒေးကျွန်းပင်လယ်ရေ ညစ်ညမ်းမှုအမြန်ဆုံးစစ်ဆေးပေးရေး ရက္ခိုင်သား အရေး၊ ရခိုင်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ရက္ခိုင်တစ်မျိုးသားလုံးအရေး၊ NLD အစိုးရမှ ရခိုင်လူမျိုးများကို ဖိနှိပ်ခြင်းနှင့် ပြဿနာဖန်တီးနေမှုများကိုချက်ချင်းရပ်တန့်ပေးရေး စသည့် ဆောင်ပုဒ်ပိုစတာများ၊ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ ရုပ်ပုံများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့သည်ဟုသိရသည်။

အဆိုပါဆန္ဒပြပွဲအား ရခိုင်လူငယ် ၇၀ ခန့်ဖြင့် ပြုလုပ်ခဲ့ပြီး ဂျပန်စံတော်ချိန် ယနေ့ ညနေ ၃ နာရီခွဲမှ ၄နာရီ ခွဲထိပြုလုပ်ခဲ့ကြောင်းသိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၅ ရက် သောကြာနေ့တွင်သူမ၏ ဂျပန်နိုင်ငံ ၆ ရက်ကြာခရီးစဉ်ကို စတင်ခဲ့ပြီး အောက်တိုဘာလ ၈ရက် နှင့် ၉ ရက်နေ့များတွင် တိုကျိုမြို့တွင် (၁၀)ကြိမ်မြောက်ကျင်းပသည့် မဲခေါင်-ဂျပန် ထိပ်သီးအစည်း အဝေးကို တက်ရောက်နေကြောင်း သိရှိရသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...