လွိုင်ကော်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်အချို့ ရေနှစ်မြုပ်

လွိုင်ကော်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်အချို့ ရေနှစ်မြုပ်

ယခုလ အောက်တိုဘာ (၃)ရက်မနက်မှစ၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် လွိုင်ကော်မြို့ နာနတ်တော အုပ်စု (၁၃) အရှေ့ဘက်ပိုင်းတွင် ရေကြီးကာ နေအိမ်အချို့ ရေနှစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

အုပ်စု ၁၃ တွင်စျေးရောင်းနေသော ဦးကျော်ဌေးက ” အခက်အခဲရှိတာပေါ့ အလုပ်လဲမသွားရဘူး ထမင်းဟင်းတွေတောင် ဘယ်လိုချက်စားရမလဲမသိဘူး ကျွန်တော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာလေ” ဟု ဆိုသည်။

၎င်းရပ်ကွက်အတွင်းရှိ ထရာစဖော်မာလည်း မြုပ်သွားသဖြင့်မီးမလာဘဲ ထင်းများသည်လည်း ရေစိုသောကြောင့် ထမင်းဟင်းချက်စားရန် အဆင်မပြေကြောင်း ၎င်းကဆက်ပြောသည်။

အုပ်စုအတွင်း ရေမြုပ်သွားအိမ်များမှ လူများသည် ရေမမြုပ်သေးသည့်အိမ်များတွင် အကူအညီတောင်းကာ လိုက်နေနေရကြောင်းသိရသည်။ ထို့အပြင် ရေများတက်လာသဖြင့် အန္တရာယ်ရှိသော အကောင်များဝင်လာမည်ကို စိုးရိမ်ကြောင်းနှင့် အိမ်မွေးတိရိစ္ဆာန်များ သေသွားမည်ကိုလည်း စိုးရိမ်လျှက် ရှိနေကြသည်။

ဤသို့ရေကြီးခြင်းသည် နာနတ်တောဆည်မှ ရေလွှဲမြောင်းများမှာ အမှိုက်များပိတ်ဆို့်ပြီး ရေပေါက်မှာ မြင့်နေသောကြောင့် ဖြစ်သည်ဟု နောင်ယားတိုးချဲ့ရပ်ကွက်တွင် နေထိုင်သူဒေါ်မဖြူကဆိုသည်။

သူမက “ရေပေါက်ကမြင့်နေတော့ မထွက်နိုင်တော့ဘူး ရေကအနှစ်တွေများ အမှိုက်တွေနဲ့ ပိတ်ထားတယ်လေ ” ဟု ၎င်းကပြောသည်။

လွန်ခဲ့သော ရက်များတွင်လည်း မိုးများသည်းသန်စွာရွာသော်လည်း ရေမမြုပ်သေးသောကြောင့် မစိုးရိမ်သော်လည်း လက်ရှိထိ မိုဆက်ရွာနေပါက ၎င်းတို့၏စားဝတ်နေရေးနှင့် ကျန်းမာရေးအခြေအနေဘက်တွင် အခက်အခဲရှိလာနိုင်ကြောင်း ဦးကျော်ဌေးက ဆိုသည်။

အောက်တိုဘာ ၃ရက်ည ၁၁နာရီခွဲအချိန်တွင် မိုးရွာပြီး နာနတ်တောအုပ်စု ၁၃အရှေ့ဘက်တွင် လည်ပင်းခန့်ထိ ရေများတက်လာသဖြင့် အိမ်ခြေစုစုပေါင်း (၁၁)အိမ်ခန့် ပြောင်းရွှေခဲ့ရကြောင်း သိရသည်။ အလားတူ ဝါရီကောခူကျေးရွာတွင် နေအိမ်(၄၀)ခန့်၊ ပီကင်းကောခူကျေးရွာတွင် အိမ်ခြေ(၅၀)ခန့်နှင့် မင်းစုရပ်ကွက်တွင် အိမ်ခြေ(၂၀)ခန့် နေအိမ်အတွင်း ရေများဝင်ရောက်ရာ ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။ လွိုင်ကော်မြို့ရှိ ရပ်ကွက်အတော်များများတွင် ရေကြီးနေကြောင်းသိရသည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...