ရိုးရာလှေလှော်ပြိုင်ပွဲများထိန်းသိမ်းမြှင့်တင်ရန် ဖားအံ ဖလုံပညာ့တဝေါင့်၏ လှေလှော်ပြိုင်ပွဲ ကျင်းပမည်

ရိုးရာလှေလှော်ပြိုင်ပွဲများထိန်းသိမ်းမြှင့်တင်ရန် ဖားအံ ဖလုံပညာ့တဝေါင့်၏ လှေလှော်ပြိုင်ပွဲ ကျင်းပမည်
by -
စောရှား
ယခင်နှစ်က ကျင်းပသည့် လှေလှော်ပြိုင်ပွဲ-Photo_KIC
ယခင်နှစ်က ကျင်းပသည့် လှေလှော်ပြိုင်ပွဲ-Photo_KIC

ရိုးရာလှေလှော်ပြိုင်ပွဲများကို ထိန်းသိမ်းဖော်ထုတ်မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဖလုံပညာ့ တဝေါင့် (လှာကမြင်/ကော့ထော်ကျေးရွာအုပ်စု)၏ ဒုတိယအကြိမ်မြောက် တော်သလင်းလ၊ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ကို လှာကမြင်-ယသဝေါ် အင်းတွင် အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

မကြာခင်ရက်ပိုင်းအတွင်း ပြုလုပ်မည့် အဆိုပါ လှေလှော်ပြိုင်ပွဲကို ကျင်းပရခြင်းနှင့်ပတ်သက်၍ ပွဲတော်ကျင်းပ ရေးနာယက၊ တောင်ကလေး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအုပ် ဦးဥတ္တမ(မာန်နာဲဃှီ့)က အောက်တိုဘာ ၄ ရက်နေ့တွင် ကေအိုင်စီသို့ ယခုလိုမိန့်သည်။

ဦးဥတ္တမက “မိမိတို့ရဲ့ရိုးရာဘဝဓလေ့၊ မြန်မာ့ ၁၂ ရာသီ ရိုးရာပွဲတော်နဲ့ တော်သလင်းလ လှေလှော်ပြိုင်ပွဲတွေရဲ့ အစဉ်အလာကောင်းတွေကို မမေ့မပျောက်ပဲ ထိန်းသိမ်းဖော်ထုတ်မြှင့်တင်နိုင်ရန်အပြင် ငြိမ်းချမ်းရေး၊ စည်းလုံး ညီညွတ်ရေး၊ သာယာဝပြောရေးစတဲ့ တည်ငြိမ်အေးချမ်းသာယာတဲ့ လူ့ဘဝကို တည်ဆောက်မြှင့်တင်ပေးနိုင် ရန်အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ မိန့်သည်။

ဖားအံမြို့နယ်၊ ဖလုံပညာ့တဝေါင့်ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပရေးကော်မတီမှ ကြီးမှူးကျင်းပသော  ဒုတိယ အကြိမ်မြောက် တော်သလင်းလ၊ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲအတွက် ကရင်ပြည်နယ်၊ အားကစားနှင့် ကာယ ပညာဦးစီးဋ္ဌာနမှ တာဝန်ရှိသူများလည်း လာရောက် ကူညီပေးသွားမည်ဟု ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။ 

ယခုပြုလုပ်မည့် လှေလှော်ပြိုင်ပွဲတွင် ဖားအံမြို့နယ်၊ မြို့တွင်းရပ်ကွက်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသင်း စုစုပေါင်း ၄၈ သင်းယှဉ်ပြိုင်ရန် စာရင်းပေးထားကြပြီး အမျိုးသားလှော်တက် ၅ ယောက်ပြိုင်ပွဲတွင် ၂၁ သင်း၊ အမျိုးသမီး ၅ ယောက် တက်လှော် ၅ သင်း၊ ကျား ၃ တက်လှော် ၁၃ သင်း၊ အမျိုးသမီး ၃ တက်လှော် ၉ သင်း တို့မှ မီတာ ၅၀၀ အကွာအဝေးကို ယှဉ်ပြိုင်သွားကြမည်ဟု သိရသည်။

လှော်တက် ၅ ယောက်ပြိုင်ပွဲများအတွက် ပထမဆုကို ကျပ် ၃ သိန်း၊ ဒုတိယဆုကို ၂ သိန်းနှင့် တတိယဆုကို ၁ သိန်းချီးမြှင့်သွားမည်ဖြစ်ပြီး လှော်တက် ၃ ယောက်ပြိုင်ပွဲများအတွက် ပထမဆုကို ကျပ် ၂ သိန်း၊ ဒုတိယဆုကို ၁ သိန်းနှင့် တတိယဆုကို ၇ သောင်း ချီးမြှင့်သွားမည်ဟု သိရသည်။

ဖလုံပညာ့တဝေါင့်၏ ပထမအကြိမ် လှေလှော်ပြိုင်ပွဲကို ကရင်ပြည်နယ်ရှိ အထင်ကရ ဆရာတော်တစ်ပါးဖြစ် သည့် တောင်ကလေးဆရာတော် အရှင်ပညာသာမိ (တောမှီရဟန်း)၏ ဝိဇာတ(မွေးနေ့) မင်္ဂလာနှင့် ပါရမီ တံတားဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ယမန်နှစ်(၂၀၁၇ ခုနှစ်)၊ ဇူလိုင်လတွင် ကျင်းပခဲ့ကြသည်။ 

Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...