ဖားအံအကျဉ်းထောင်တွင် ထောင်တာဝန်ရှိသူ (၂)ဦး အစားထိုးတာဝန်ထမ်းဆောင်နေ

ဖားအံအကျဉ်းထောင်တွင် ထောင်တာဝန်ရှိသူ (၂)ဦး အစားထိုးတာဝန်ထမ်းဆောင်နေ

ကရင်ပြည်နယ်ရှိ တောင်ကလေး ဖားအံအကျဉ်းထောင်တွင်  ပြီးခဲ့သည့် စက်တင်ဘာလမှ ထောင်သား(၄၂)ဦး ထွက်ပြေးလွတ်မြောက်မှုကိစ္စ ဖြစ်ပေါ်ပြီးနောက် ယခင်တာဝန်ရှိသူ နေရာတွင် လက်ရှိ ပြည်ထဲရေး ဝန်ကြီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး တစ်ဦးနှင့်ထောင်ပိုင်တစ်ဦး အစားထိုး ပြန်လည်တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။

ဖားအံအကျဉ်းထောင်တွင် တာဝန်အရှိဆုံးသူ တစ်ဦးဖြစ်ခဲ့သည့် ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းအစား လစ်လပ်နေသည့််နေရာကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုညွှန်ကြားရေးမှူး တစ်ဦးအစားထိုး ပြန်လည် တာဝန်ယူ ကွပ်ကဲမည်ဖြစ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရသူ ဗမာတိုင်း ရင်းသားရေးရာဝန်ကြီး ဦးတေဇ ထွဋ်လှှိုင်ထွေးက ပြောဆိုသည်။

၎င်းက“ထောင်မှူးကိစ္စနဲ့ပတ်သက်ပြီး ဖားအံထောင်မှူးက လောလောဆယ်ဆယ် အင်းစိန်ထောင်မှာ တာဝန် လွှဲပြောင်း ရောက်တယ်။ အခု ဖားအံထောင်မှာတော့ လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယညွှန်ချုပ်က နေပြီး ဒါကို ကြီးကြပ်ကွပ်ကဲဆောင်ရွက်နေတယ်။ ဒီနေရာမှာ ဒုတိယညွှန်ကြားရေးမှူးဖြစ်တဲ့ ဦးစောထွန်း လင်းက ဦးခင်မောင်ဝင်းနေရာမှာ ရောက်ရှိနေပြီး၊ ဦးညွန့်ဝင်းဆိုတာက ထောင်ပိုင်ပေါ့၊ ထောင်ပိုင် လဲရောက် နေပြီး။ ဦးခင်မောင်ဝင်းနဲ့ထောင်ပိုင်ကိုတော့ အင်းစိန်ထောင်မှာတွဲဖက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနက တာဝန် ထမ်းဆောင်စေတယ်”ဟုပြောသည်။

ထို့အပြင် အကျဉ်းသားများ ထောင်ဖောက်မှုဖြစ်စဉ်တွင် တာဝန်ရှိသူများအား အရေးယူဆောင်ရွက်သည့်အပိုင်း နှင့်ပတ်သက်ပြီး ၎င်းကိစ္စများကို သက်ဆိုင်ရာ ပြည်ထဲရေးရာဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ အကျဉ်းထောင်မှ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထွက်ပြေးလွတ်မြောက်ခဲ့သည့် အကျဉ်းသား (၄၂)ဦးရှိသည့်အနက် လက်ရှိ (၂၆)ဦးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်သလို လွတ်မြောက်နေဆဲ ကျန်အကျဉ်းသား (၁၆)ဦးကိုလည်း အမြန်ဆုံးပြန်လည်ဖမ်းဆီးရရှိနိုင်ရေးအတွက် လုပ်ဆောင်နေကြောင်း လည်း သိရသည်။

ထိုသို့လုပ်ဆောင်ရာတွင် နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်းနှင့် တစ်ဖက်ထိုင်း နိုင်ငံရှိ နှစ်နိုင်ငံ ဆက်ဆံရေးရုံးများတွင် အဆိုပါ အကျဉ်းသားများ၏ ဓာတ်ပုံများကို ဖြန့်ဝေပေးထားပြီး  ပြန်လည်ဖမ်း ဆီး မိနိုင်ရေးအတွက် လုပ်ဆောင်နေကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

 

Photo: KIC
June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...
June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...
June 11, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ်၊...
June 10, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်တွင် ပြီးခဲ့သည့် ဇွန်လ(၇)ရက်နေ့က လက်နက်ကိုင်ဆောင်ကာ ဘတ်ငွေ(၆၅)...