ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ရခိုင်လူငယ်များ ဆန္ဒပြမည်

ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ရခိုင်လူငယ်များ ဆန္ဒပြမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ရခိုင် လူငယ်များမှ ဆန္ဒပြပြီး အချက် (၆) ချက်ကို တောင်းဆိုသွားမည်ဟု သိရသည်။

၎င်းဆန္ဒပြပွဲကို ရက္ခိုင့်လူငယ်များအစည်းအရုံး-ဂျပန်မှဦးဆောင်ပြီး တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် ပြုလုပ်သွားမည်ဟု ၎င်းအဖွဲ့၏ အတွင်းရေးမှူး ကိုကျော်သူရထွန်းက နိရဥ္စရာသို့ပြောသည်။

သူတို့ တောင်းဆိုမည့် အချက်များမှာ …

၁။ရခိုင်လူထုခေါင်းဆောင်ဒေါက်တာအေးမောင် အမြန်ဆုံးလွတ်မြောက်ရေး။

၂။စာရေးဆရာဝေဟင်အောင်လွတ်မြောက်ရေး။

၃။မြောက်ဦးလူငယ် ၈ ဦးအား ထပ်မံတရားစွဲဆိုထားခြင်းကို ချက်ချင်းရပ်တန့်ပေးရေး။

၄။ပြည်ထောင်စုမြန်မာနို်င်ငံအတွင်း ရခိုင်လူမျိုးများ လွတ်လပ်စွာသွားလာခွင့်နှင့် နေထိုင်ခွင့်များအား ပိတ်ပင်တားဆီးမှုများကို ချက်ချင်းရပ်တန့်ပေးရေး။

၅။ကျောက်ဖြူမြို့နယ်မဒေးကျွန်းပင်လယ်ရေညစ်ညမ်းမှုကို အမြန်ဆုံးသန့်ရှင်းစစ်ဆေးပေးရေး။

၆။ ရခိုင့်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးစသည့်အချက်များဖြစ်ကြသည်။

“ကျွန်တော်တို့နိုင်ငံတော်အတိုင်ပင်ခံရဲ့ ခရီးစဉ်အတွင်းမှာ ဆန္ဒပြရတယ်ဆိုတာက ကျွန်တော်တို့ ရခိုင်ပြည်တွင်းရေးအခြေအနေတွေ၊ ရခိုင်လူမျိုးတွေမတရားဖိနှိပ်ခံနေရတယ်ဆိုတာတွေ၊ ကျွန်တော်တို ့မြန်မာနိုင်ငံဟာ ဒီမိုကရေစီအပြောင်းအလဲ ခေတ်ဖြစ်သော်လည်း ကျွန်တော်တို့ ရခိုင်လူမျိုးတွေဟာ ဆက်လက် ဖိနှိပ်ချုပ်ချယ်မှု ခံနေရတယ်ဆိုတာနဲ့ လုံးဝပြောင်းလဲခြင်း မရှိ ဆိုတာကို အတိုင်ပင်ခံပုဂ္ဂိုလ်ရော၊ ကမ္ဘာကပါ သိစေချင်လို့ပါ” ဟု ကိုကျော်သူရထွန်းက ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို အောက်တိုဘာလ ၈ ရက်နေ့ တိုကျိုမြို့ မြန်မာနိုင်ငံ သံရုံးရှေ့တွင် ညနေ ၃ နာရီခွဲမှ ၄ နာရီခွဲအထိပြုလုပ်သွားမည်ဖြစ်ပြီး လူဦးရေ ၅၀ ခန့် ပူးပေါင်းပါဝင်မည် ဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၅ ရက် သောကြာနေ့တွင် သူမ၏ ဂျပန်နိုင်ငံ ၆ ရက်ကြာ ခရီးစဉ်ကို စတင်မည် ဖြစ်ပြီး တိုကျိုမြို့တွင် အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက်နေ့ ကျင်းပမည့် (၁၀)ကြိမ်မြောက် မဲခေါင်- ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...