ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့လွတ်မြောက်ရေးဆုတောင်းပွဲ ဘူးသီးတောင်တွင် ပြုလုပ်

ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့လွတ်မြောက်ရေးဆုတောင်းပွဲ ဘူးသီးတောင်တွင် ပြုလုပ်
by -
သိန်းဇော် (မောင်တော)

ဖမ်းဆီးတရားစွဲဆိုခံထားရသည် ဒေါက်တာအေးမောင်နှင့် လူငယ်စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် ဘူးသီးတောင်မြို့တွင် ဆုတောင်းပွဲပြုလုပ်ခဲ့သည်။

၄င်းဆုတောင်းပွဲကို စက်တင်ဘာ ၂၆ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်တွင် ဘူးသီးတောင်မြို့၊ သပြေကုန်းစေတီတော်ရင်ပြင်၌ စတင် ပြုလုပ်ကျင်းပခဲ့ကြောင်း ဘူးသီးတောင်မြို့ ရွှေကျင်ကျောင်းထိုင် ဆရာတော် အရှင်နာယကမှ နိရဥ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

“သူတို နှစ်ဦးကို ပုဒ်မသုံးခုနဲ့ တရားစွဲဆိုထားရာကနေ မတရားအသင်းဆက်သွယ်မှု ပုဒ်မကို ပယ်လိုက်ပြီး ကျန် ပုဒ်မ ၂ ခုနဲ့ ထပ်တရားစွဲဆိုထားတယ်။ ဒီကျန်တဲ့ ပုဒ်မတွေကိုလည်း ဖြုတ်ပယ်ပြီး သူတို့ကို လွတ်ပေးစေလိုတဲ့ အတွက် အခုလို ဆုတောင်းပွဲ လုပ်ရတာပါ” ဟု အရှင်နာယကမှ မိန့်ကြားသည်။

ဒေါက်တာ အေးမောင်နှင့် ကိုဝေဟင်အောင်တို့မှာ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ တို့ဖြင့် ဆက်လက် အမှုရင်ဆိုင်နေရကာ စစ်တွေထောင်တွင် ထိန်းသိမ်းထားသည်။

“ ဒီလို ပုဒ်မတွေနဲ့ စွဲဆိုထားပေမယ့် ဒေါက်တာအေးမောင်တို့ လွတ်မြောက် လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ တိုင်းပြည်မှာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးတို့ကို ရည်ရွယ်ပြီး သူတို့ကို ပြန်လွတ်ပေးစေချင်ပါတယ်” ဟု သူက ဆက်လက် မိန့်ကြားသည်။

ဆုတောင်းပွဲ အခမ်းအနားသို့ လူပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြီး ဆရာတော်များထံမှ ငါးပါးသီလ ခံယူကာ ဘုရားတွင် ဆီးမီးများ ပူဇော်၍ ဆုတောင်းခဲ့ကြသည်ဟု သိရသည်။

သူတို့နှစ်ဦး လွတ်မြောက်ရန်အတွက် ကျောက်တော်မြို့တွင်လည်း ဆန္ဒဖော်ထုတ် တောင်းဆို မှုများ ရှိခဲ့သလို သြဂုတ်လ ၅ ရက်နေ့လည်း စစ်တွေမြို့ အတုလ မာရဇိန် ဘုရားကြီးတွင် ဒေသခံ ၂၀၀ ခန့်က သူတို့ နှစ်ဦး လွတ်မြောက်ရေး အတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

ဒေါက်တာအေးမောင်နှင့်ဝေဟင်အောင်တို့သည် ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့ တွင် ကျင်းပခဲ့ရခိုင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျရှုံးနေ့စာပေ ဟောပြောရာတွင် နိုင်ငံတော်ကို ဆန့်ကျင်သည့် စကားများ ပါဝင်သည်ဟု ဆိုကာ ထောင်တစ်သက် တစ်ကျွန်း ကျခံရနိုင်သည့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မတို့ဖြင့် တရားစွဲဆို ထားသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...