ဖားကန့် ရာအိမ်မှူး ၂ ဦး တာဝန်မှရပ်ဆိုင်းရေး ဒေသခံများ တောင်းဆိုမှုကို အစိုးရ မတုံ့ပြန်သေး

ဖားကန့် ရာအိမ်မှူး ၂ ဦး တာဝန်မှရပ်ဆိုင်းရေး ဒေသခံများ တောင်းဆိုမှုကို အစိုးရ မတုံ့ပြန်သေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်ဝမ်းကလေးကျေးရွာမှ ရာအိမ်မှူးနှင့် ဒု-ရာအိမ်မှူးတို့ ၂ ဦးကို တာဝန်မှ ရပ်ဆိုင်းပေးရန် နှင့် အတူ ပြင်းထန်သော မိုင်းခွဲနေ မှုနှင့်ပတ်သက်ပြီး စီစစ်အရေးယူပေးပါရန် ရပ်မိရပ်ဖ ဒေသခံများအနေဖြင့် သက်ဆိုင်ရာ အစိုးရဌာနသို့ လျှောက်လွှာ ၂ စောင် တင်ခဲ့ကြ သော်လည်း သက်််ဆိုင်ရာ အစိုးရဘက်မှ ယနေ့ချိန်ထိ တုံ့ပြန်မှု မရှိသေးကြောင်း ယခုကိစ္စကို ဦးဆောင်နေသူ ဒေသခံ ဦးဇေယျာက ယခုလို ကချင်သတင်းဌာန KNG ကိုပြောသည်။

"သူတို့နှစ်ဦးက ကျေးရွာဖွွံ့ဖြိုးရေးတွက်လည်း ဘာမှ လုပ်တာမရှိဘူး။ ကျေးရွာပိုင်မြေတွေကိုလည်း သူတို့ နှစ်ယောက်သဘောအတိုင်း ရောင်းစားတာလား ဘာလားမသိဘူး။ ရပ်မိရပ်ဖတွေက်ို တိုင်ပင်တာလည်း မရှိဘူး။ ပြီးတော့ ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီက ပြင်းထန်တဲ့မိုင်းတွေခွဲနေတဲ့အပေါ်မှာ ကျောက်စိမ်း တူးဖော်ရေး ကမ်းပါးအနီးမှာရှိတဲ့ ဒေသခံတွေတွက် မလိုအပ်တဲ့ အသက်အန္တရယ်တွေ ကျရောက်လာ နိုင်တာလည်း သူတို့ ၂ ယောက် ကတော့ ကုမ္မဏီဘက်ကိုဘဲ ကာကွယ်ပေးနေတယ်။ အဲတာကြောင့် ကျနော်တို့ အနေနဲ့ အထက်လူကြီးတွေ အရေးယူပေးဖို့ စာတင်ခဲ့တာဖြစ်ပါတယ်။”

၎င်းစာတွင် ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ ၇၀ လက်မှတ်များ ပါဝင်ကြောင်းလည်း သိရသည်။

သြဂုတ်လ ၂၉ ရက်နေ့တွင် ဖားကန့် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်မှ ပြင်းထန်သော မိုင်းခွဲနေမှုနှင့် ပတ်သက်ပြီး လာရောက်စစ်ဆေးခဲ့သော်လည်း ယနေ့ချိန်ထိ တုံ့ပြန်မှု မရှိသေးသောကြောင့် ယခုလိုစာတင်လိုက်ရခြင်းဖြစ်ကြောင်း ဦးဇေယျာ ထံမှ သိရသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...